Friday, August 12, 2016

မကွေး ၊ သြဂုတ်လ ၁၂ ရက်

၂၀၁၆ ခုနှစ်၊ သြဂုတ်လ ၁၂ ရက်နေ့ နံနက် ၈ နာရီအချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင် ရဲတပ်ဖွဲ့မှူးရုံး အစည်းအဝေးခန်းမတွင် ဦး/ရေး/ထောက်လုပ်ငန်းထပ်ဆင့်ရှင်းလင်းပွဲ၊ ၀န်ဆောင်မှု ကိုရှေး ရှုသော ရဲလုပ်ငန်းစနစ်နှင့် တရားမ၀င်ချဲထီ၊ ၂ လုံးထီ၊ ဘောလုံးလောင်းကစား ပင်ရင်းနေရာများအား ထိရောက်စွာတားဆီးနှိမ်နင်းခြင်းဆိုင်ရာ ချပြရှင်းလင်းပွဲ အခမ်းအနား ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါအခမ်းအနားသို့ မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ကိုကိုအောင်၊ မကွေးခရိုင် ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး မင်းဟန်၊ မကွေးခရိုင်အတွင်းရှိ မြို့နယ်ရဲတပ်ဖွဲ့မှူးများ၊ ရဲစခန်းမှူးများ၊ မကွေးခရိုင် ရဲတပ်ဖွဲ့မှူး ရုံးမှ ဌာနစိတ်တာဝန်ခံများ စုစုပေါင်း အရာရှိ/အခြားအဆင့်တပ်ဖွဲ့ဝင် (၄၅) ဦးတက်ရောက် ခဲ့ပြီး ရဲမှူးကြီး ကိုကိုအောင်မှ လုံခြုံရေးနှင့်တရားဥပဒေစိုးမိုးရေးအား ထိခိုက်စေမည့် မူးယစ်ဆေးဝါး ရောင်း ၀ယ်ဖောက် ကားမှုများ၊ လောင်းကစားမှုများပပျောက်စေရေးအတွက် လုပ်ငန်းစဉ်များချပြရှင်းလင်းခြင်း၊ ၀န်ဆောင်မှု ကိုရှေးရှုသော ရဲလုပ်ငန်းစနစ်အား ချပြရှင်းလင်းခြင်း၊ မကွေးခရိုင်ရဲတပ်ဖွဲ့မှူး/မြို့နယ် ရဲတပ်ဖွဲ့မှူးတို့မှ ဦး/ရေး/ထောက်ဆိုင်ရာအချက်အလက်များအား PowerPoint ဖြင့် ရှင်းလင်းတင်ပြခြင်း၊ ရဲမှူးကြီး ကိုကိုအောင် မှ လိုအပ်ချက်များကို ဖြည့်စွက်ညွန်ကြားခြင်း၊ တပ်ဖွဲ့ဝင်များအား ပြည်သူလူထုနှင့် ဆက်ဆံရာ တွင် ပြေပြစ်စွာပြောဆိုဆက်ဆံရန်နှင့် မူးယစ်ဆေးဝါး ၊ လောင်းကစားမှုများ၊ ကြို/ကာမှုများ တိုးမြှင့်ဖမ်းဆီး ရန် တို့ကို လမ်းညွှန်မှာကြားကာ နံနက် ၁၀ နာရီခွဲအချိန် အခမ်းအနား အောင်မြင်စွာပြီးဆုံး ခဲ့ကြောင်း သတင်းရရှိပါသည်။ 






0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video