မကွေး ၊ သြဂုတ်လ ၁၁ ရက်
၂၀၁၆ ခုနှစ်၊ သြဂုတ်လ ၁၀ ရက်နေ့ ည ၁၁ နာရီ ၁၅ မိနစ်အချိန်ခန့်တွင် မကွေးတိုင်း ဒေသ ကြီး၊ မင်းဘူး ခရိုင်၊ ငဖဲမြို့နယ်၊ အမ်း-မင်းဘူးကားလမ်းအတိုင်း ဘင်္ဂါလီလူမျိုးများ တင်ဆောင်လာ သည့် 4D/xxxx CALDINA အဖြူရောင်မော်တော်ယာဉ်အား ဂုတ်ကြီးရဲကင်းစခန်းမှူး ရဲအုပ်ကျော်မျိုး နှင့် တပ်ဖွဲ့ဝင်များမှ ရဲစခန်းရှေ့တွင် တားဆီးစဉ် ရပ်တန့်ခြင်းမရှိဘဲ မောင်းနှင်ထွက်ပြေးသွားသည့် အတွက် ပဒါန်း ရဲကင်းစခန်းမှူး ရဲအုပ် လွင်ကိုကိုဦးထံ ဖုန်းဖြင့်ဆက်သွယ်၍ တားဆီးစစ်ဆေးရန် အကူအညီ တောင်းခံခဲ့ရာ သြဂုတ်လ ၁၁ ရက်နေ့ နံနက် ၂ နာရီခွဲအချိန်တွင် စာတတ်ကူမောင်းတံဂိတ်တွင် ပဒါန်း ရဲကင်းစခန်းမှူးနှင့် တပ်ဖွဲ့ဝင်များမှ သက်သေများနှင့်အတူ CALDINA အဖြူ ရောင် မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေး ခဲ့ကြောင်း သိရှိရသည်။
ယာဉ်ပေါ်တွင် ပဲခူးတိုင်းဒေသကြီး၊ ပေါင်းတည်မြို့နယ်၊ မှတ်တိုင်ကျေးရွာနေ ယာဉ်မောင်း မင်းမောင်မောင်ပြုံး (၂၈)နှစ်၊ ပြည်မြို့၊ ရွှေတံခါးမြို့သစ်ရပ်နေ ယာဉ်ပိုင်ရှင် ဦးတင်ထွန်း(၄၆)နှစ်၊ လမ်းပြ များဖြစ်သည့် ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၊ ထန်းချောင်း ရွာနေ ဦးထိန်(၅၅)နှစ်၊ မင်းလှမြို့နယ်၊ ၀က်ပလေ ကျေးရွာနေ ကျော်ထွန်း(ခ)ကံလုံး၊၂၈နှစ် တို့ ၄ ဦးအား ခိုးဝင်ဘင်္ဂါလီလူမျိုးများ ဖြစ်သည့် ရခိုင်ပြည် နယ်၊ မင်းပြားမြို့နယ်၊ စင်္ကြာကျေးရွာနေ လှချေ (၂၂)နှစ်နှင့် အာတူလူး (၂၃) နှစ်တို့ ၂ ဦး တို့နှင့်အတူ စစ်ဆေး တွေ့ရှိဖမ်းဆီးရမိခဲ့သဖြင့် မင်းမောင်မောင်ပြုံးပါ ၄ ဦးအား ငဖဲမြို့မရဲစခန်း (ပ) ၂၈၄/၂၀၁၆၊ ရာဇသတ်ကြီး ပုဒ်မ ၃၆၇ အရ အမှုဖွင့် အရေးယူဆောင်ရွက်ထားကြောင်းနှင့် ဘင်္ဂါလီလူမျိုး လှချေ (၂၂)နှစ်နှင့် အာတူလူး(၂၃)နှစ်တို့ ၂ ဦးအား ငဖဲမြို့နယ်လ၀ကမှ ၁၉၄၉ ခုနှစ်၊ မြန်မာနိုင်ငံအတွင်း နေထိုင် သူများ မှတ်ပုံတင်ရေးအက်ဥပဒေပုဒ်မ ၆(၃) ဖြင့် ငဖဲမြို့နယ်တရားရုံးသို့ တရားစွဲတင်ပို့သွား မည် ဖြစ်ကြောင်း သတင်းရရှိပါသည်။

0 comments:
Post a Comment