Tuesday, August 16, 2016

မကွေး ၊ သြဂုတ်လ ၁၆ ရက်

၂၀၁၆ ခုနှစ်၊ သြဂုတ်လ ၁၅ ရက်နေ့ ညနေ ၅ နာရီအချိန်ခန့်တွင် နတ်မောက်မြို့နယ်၊ ဈေးသာကျေးရွာတွင် မတ်ဖြစ်သူမှ မိဘပိုင်နေအိမ်တွင် လာရောက်နေထိုင်သည်ကို မကျေနပ်သဖြင့် မရီးဖြစ်သူနှင့်စကားများရာမှ ဓါးမဖြင့်ခုတ်သတ်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။ 
 ဈေးသာကျေးရွာနေ မျိုးဇော် (၃၉)နှစ်သည် တစ်ရွာ တည်းနေ စိုးလင်းနှင့်အတူ ဂွေးချို (အနောက်)ကျေးရွာမှ ရွာသို့ပြန်လာစဉ် ဇနီးဖြစ်သူ မအိအိအောင် (၃၄)နှစ် အား မိဘပိုင်နေအိမ် အောက်တွင် လာရောက်နေထိုင် သည်ကိုမကျေနပ်သဖြင့် တစ်ယောက် တစ်ခွန်း စကားများကြရာ ဘိုဌေး(ခ)ဌေးလွင် ၃၃ နှစ်မှ ဓါးမဖြင့်ခုတ် သတ်သဖြင့် ဇနီးဖြစ်သူမှာ မျက်နှာတွင် ပြတ်ရှ ဒဏ်ရာ ရရှိကာ နေရာတွင်သေဆုံး သွားကြောင်းပြောပြ သိရှိရ၍ ညီဖြစ်သူဘိုဌေးအား အရေးယူပေးရန် အစ်ကိုဖြစ်သူ မျိုးဇော်မှ တရားလိုပြုလုပ်တိုင်တန်းသဖြင့် နတ်မောက်မြို့မရဲစခန်း (ပ) ၁၀၈၉/၂၀၁၆၊ ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၃၀၂ အရ အမှုဖွင့် အရေးယူဆောင် ရွက်ထားကြောင်း သတင်းရရှိသည်။



0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video