Tuesday, August 16, 2016

မကွေး ၊ သြဂုတ်လ ၁၆ ရက်

၂၀၁၆ ခုနှစ်၊ သြဂုတ်လ ၁၅ ရက်နေ့ နံနက် ၈ နာရီမှ နေ့လည် ၁၂ နာရီခွဲအချိန်ထိ ကုန်းဇောင်း နယ်မြေ ရဲစခန်းမှ ဒုရဲအုပ် ဇေယျာဝင်းဦးစီးသည့်ရဲတပ်ဖွဲ့ဝင်များသည် ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် အဖွဲ့မှ ရေဘေးရှောင်ပြည်သူများအတွက် လာရောက်လှူဒါန်းသည့် ဆန်အိတ်၊ ကုလားပဲ အိတ်၊ ဆီနှင့် ဆားစသည့် စားသောက်ကုန်ပစ္စည်းများ ဖြန့်ဝေရာတွင် ကူညီသယ်ဆောင်ပေးခြင်းများ ဆောင်ရွက် ခဲ့ကြောင်း သတင်းရရှိသည်။

အလားတူ စလင်းမြို့နယ်ရဲတပ်ဖွဲ့မှ တညောင်နယ်မြေရဲစခန်းမှူး ရဲအုပ်ဝင်းနိုင်ဦး ဦးစီးသည့် ရဲတပ်ဖွဲ့ဝင် များသည် နံနက် ၈ နာရီအချိန်မှ ၁၀ နာရီ ၁၅ မိနစ်အချိန်ထိ ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် အဖွဲ့မှ ရေဘေးရှောင်ပြည်သူများအတွက် လာရောက်လှူဒါန်းသည့် ဆန်အိတ်၊ ကုလားပဲ အိတ်၊ ဆီနှင့် ဆားစသည့် စားသောက်ကုန်ပစ္စည်းများ ဖြန့်ဝေရာတွင် ကူညီသယ်ဆောင်ပေးခြင်း များ ဆောင်ရွက် ခဲ့ကြောင်း သတင်းရရှိသည်။ 






0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video