Wednesday, August 31, 2016

မကွေး ၊ သြဂုတ်လ ၃၁ ရက်

၂၀၁၆ ခုနှစ်၊ သြဂုတ်လ ၃၀ ရက်နေ့ နံနက် ၉ နာရီ ၅၅ မိနစ် အချိန်တွင် သရက်ခရိုင် ရဲတပ်ဖွဲ့မှူးရုံး အစည်း အဝေး ခန်းမတွင် ၀န်ဆောင်မှုကိုရှေးရှုသော ရဲလုပ်ငန်းစနစ်နှင့် မူးယစ်ဆေးဝါး တားဆီးနှိမ် နင်းရေး ၊  လောင်းကစားမှု ကင်းစင်ရေး လုပ်ငန်းများနှင့် ပတ်သက်၍ ချပြရှင်းလင်းပွဲ အခမ်းအနား ကျင်းပပြု လုပ်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါအခမ်းအနားသို့ မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ကိုကိုအောင်၊ သရက်ခရိုင် ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး တင်မောင်အေး၊ သရက်ခရိုင်အတွင်းရှိ မြို့နယ်ရဲတပ်ဖွဲ့မှူးများ၊ ရဲစခန်းမှူးများ၊ သရက်ခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှ ဌာနစိတ်တာဝန်ခံများ စုစုပေါင်း အရာရှိ/အခြားအဆင့်တပ်ဖွဲ့ဝင် (၈၅) ဦး တက်ရောက်ခဲ့ပြီး ရဲမှူးကြီး ကိုကိုအောင်မှ ၀န်ဆောင်မှုကိုရှေးရှုသော ရဲလုပ်ငန်းများဆောင်ရွက်ရာ တွင် အများပြည်သူမှ အသိအမှတ်ပြုအောင်ဆောင်ရွက်ရန်နှင့်မြို့နယ်ရဲတပ်ဖွဲ့မှူး၊ ရဲစခန်းမှူးများမှ ကြပ်မတ်ဆောင်ရွက်ရန်၊ ဌာနဆိုင်ရာအဖွဲ့အစည်းများ၊ သတင်းမီဒီယာများနှင့် ညှိနှိုင်းပူပေါင်း ဆောင်ရွက်ရန်၊ လုံခြုံရေးအရ ရဲလုပ်ငန်းများဆောင်ရွက်ရာတွင် လုံလောက်သောအင်အားဖြင့် ဆောင်ရွက်ရန်တို့ကိုရှင်းလင်းမှာကြားခြင်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူး/ခရိုင်ရဲတပ်ဖွဲ့မှူးတို့မှ Power Point ဖြင့် ဦး/ရေး/ထောက် ဆိုင်ရာများအား ရှင်းလင်း   တင်ပြခြင်း၊ ရဲမှူးကြီး ကိုကိုအောင်မှ လိုအပ်ချက်များကို ဖြည့်စွက်ညွန်ကြားခြင်း များ ဆောင်ရွက် ခဲ့ပြီး နေ့လည် ၁၂ နာရီ ၅၀ မိနစ်အချိန် အခမ်းအနား အောင်မြင် စွာ ပြီးဆုံးခဲ့ကြောင်း သတင်းရရှိပါသည်။
 
 



 

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video