Monday, August 29, 2016

မကွေး သြဂုတ်လ ၂၉ ရက်

၂၀၁၆ ခုနှစ်၊ သြဂုတ်လ ၂၉ ရက်နေ့ နံနက် ၉ နာရီအချိန်မှ ၉ နာရီခွဲအချိန်အထိ မကွေးတိုင်း ဒေသကြီး ရဲတပ်ဖွဲ့၊ ရဲအကူတပ်ဖွဲ့ခွဲဝန်းအတွင်းရှိ ရဲဇာနည်ခန်းမတွင် ဒုရဲအုပ်လောင်း သင်တန်း အမှတ်စဉ်(၇၅) မှ အလုပ်သင်နှင့် လုံခြုံရေးတပ်ဖွဲ့ခွဲများတွင် (၁)နှစ်တာဝန် ထမ်းဆောင်ပြီး မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့ သို့ ပြောင်းရွှေ့ရောက်ရှိလာသော ဒုရဲအုပ် (၂၈) ဦး အား ရဲလုပ်ငန်း များစနစ်တကျ ဆောင်ရွက်နိုင်ရန် အတွက် ရဲလုပ်ငန်းခွင်ဝင်သင်တန်းအမှတ်စဉ် (၄/၂၀၁၆) ဖွင့်ပွဲ အခမ်းအနားအား ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။ အဆိုပါအခမ်းအနားသို့ မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှ ဒုတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး ယာယီ ရဲမှူးကြီး လှသန်းနှင့် အရာရှိတပ်ဖွဲ့ဝင်များ၊ နည်းပြအရာရှိများ၊ သင်တန်းသားများ စုစုပေါင်း (၄၀) ဦး တက်ရောက်ခဲ့ကြောင်းနှင့် သင်တန်းသားအရာရှိများအား သင်တန်းချိန်အတိုင်း သင်ကြားပို့ချသွား မည်ဖြစ်ကြောင်း သတင်းရရှိသည်။





0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video