၂၀၁၉ ခုနှစ်၊ သြဂုတ်လ ၂၇ ရက်နေ့ နံနက် ၁၀ နာရီမှ ၁၂ နာရီခန့်ထိ
ရေစကြိုမြို့မရဲစခန်းမှူး ဒုရဲမှူး ဆန်းဦး ဦးဆောင်သော
တပ်ဖွဲ့ဝင်များသည် ကြက်ဆူကျင်းအခြေခံပညာအထက်တန်းကျောင်း တွင် ကျောင်းအုပ်ဆရာမကြီး
ဒေါ်အမာဆွေ၊ မြို့နယ်ရင်ခွင်မဲ့ကလေးငယ်များ လျော့ချရေးနှင့် ကာကွယ်
စောင့်ရှောက်ရေးအသင်းမှ အတွင်းရေးမှူး ဦးကျော်သူ၊ အလုပ်အမှုဆောင်ဒေါက်တာ
အောင်မြင့်ဦး၊ ကြက်ဆူကျင်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးဘ၀င်းတို့ပါဝင်သော
ပူးပေါင်းအဖွဲ့သည် ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများအား မှုခင်းလျော့နည်းကျဆင်းရေး၊
သက်ငယ် မုဒိမ်းမှု လျော့နည်းကျဆင်းရေး၊ မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေး
ဟောပြောခြင်းများ ဆောင်ရွက်ခဲ့ပါသည်။
နေ့လည် ၂ နာရီမှ ၄ နာရီခွဲခန့်ထိ မြိုင်မြို့မရဲစခန်းမှူး
ဒုရဲမှူး တင်ကိုကို၊ ပခုက္ကူယာဉ်ထိန်းရဲ တပ်ဖွဲ့စုမှ ဒုရဲအုပ် တင်မောင်ကို၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းမှ
ကျောင်းအုပ် ဆရာကြီး ဦးကျော်ဝင်း၊ ဈေးကော်မတီဥက္ကဌ ဦးဌေးအောင် တို့ပါဝင်သော ပူးပေါင်းအဖွဲ့သည်
မြိုင်မြို့၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းတွင် ဆရာ/ဆရာမ များ၊ ကျောင်းသား/ ကျောင်းသူများအား မှုခင်းလျော့နည်းကျဆင်းရေး၊
သက်ငယ်မုဒိမ်းမှု လျော့နည်းကျဆင်းရေး၊ မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး၊ လူကုန်ကူးမှုအန္တရာယ် တားဆီးကာကွယ်ရေး၊
ယာဉ်စည်းကမ်း/လမ်းစည်းကမ်း အသိပညာပေးဟောပြောခြင်းနှင့် ပညာပေးလက်ကမ်းစာစောင် များ
ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။
0 comments:
Post a Comment