Wednesday, August 28, 2019


၂၀၁၉ ခုနှစ်၊ သြဂုတ်လ ၂၇ ရက်နေ့ နံနက် ၉ နာရီမှ ၁၀ နာရီခန့်ထိ ဆောမြို့နယ်၊ တပြင်းရဲကင်း စခန်းမှူး ဒုရဲအုပ် မင်းမင်းခိုင် ဦးဆောင်သော တပ်ဖွဲ့ဝင်များသည် တပြင်းကျေးရွာအုပ်ချုပ်ရေးမှူးရုံး တွင် အုပ်ချုပ်ရေးမှူး ဦးခင်မောင်ကျော်နှင့် ကျေးရွာသူ/ကျေးရွာသားများအား မှုခင်းလျော့နည်း ကျဆင်းရေး၊ သက်ငယ်မုဒိမ်းမှု လျော့နည်းကျဆင်းရေး၊ မူးယစ်ဆေးဝါးအန္တရာယ် တားဆီး ကာကွယ်ရေး၊ ယာဉ်စည်းကမ်း/လမ်းစည်းကမ်း အသိပညာပေး ဟောပြောခြင်းများ ဆောင်ရွက်ခဲ့ ပါသည်။ 
နံနက် ၁၀ နာရီမှ ၁၂ နာရီခွဲခန့်ထိ ဆောမြို့နယ်၊ ကျောက်ထုနယ်မြေရဲစခန်းမှူး ရဲအုပ် ခင်မောင်ရွှေ ဦးဆောင်သော တပ်ဖွဲ့ဝင်များသည် နသိုးကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)တွင် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးထွန်းမင်းနှင့် ကျေးရွာသူ/ကျေးရွာသားများ၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်နန်းလှလှခိုင်နှင့် ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများအား မှုခင်းလျော့နည်း ကျဆင်းရေး၊ သက်ငယ်မုဒိမ်းမှု လျော့နည်းကျဆင်းရေး၊ မူးယစ်ဆေးဝါးအန္တရာယ် တားဆီး ကာကွယ်ရေး၊ လူကုန်ကူးမှုအန္တရာယ် တားဆီးကာကွယ်ရေး၊ ယာဉ်စည်းကမ်း/လမ်းစည်းကမ်း အသိပညာပေး ဟောပြောခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။





0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video