Wednesday, August 28, 2019


၂၀၁၉ ခုနှစ်၊ သြဂုတ်လ ၂၇ ရက်နေ့ နံနက် ၃ နာရီအချိန်ခန့်တွင် မကွေးမြို့မရဲစခန်းမှ ဒုရဲအုပ် သန်းထိုက်အောင်နှင့်အဖွဲ့သည် သက်သေများနှင့်အတူ မြို့ပေါ်ရပ်ကွက်များသို့ လှည့်ကင်းတာဝန် ဆောင်ရွက်နေစဉ် မကွေးမြို့၊ မြင်းကင်းလမ်း၊ မကွေးတက္ကသိုလ်ဝန်း၊ ဗိနိုးအဆောင်အနီးတွင် မသင်္ကာဖွယ်လူငယ်တစ်ဦးတွေ့ရှိသဖြင့် စစ်ဆေးမေးမြန်းရာ မကွေးမြို့၊ အုတ်ဖိုရပ်ကွက်နေ ဇွဲမောင်မောင်၊ ၁၅ နှစ် ဖြစ်ပြီး ၎င်း၏ယာဘက် ဘောင်းဘီအိတ်အတွင်းမှ Redmi Note 5 အနက်ရောင် ဖုန်းတစ်လုံးအား တွေ့ရှိသည်ကို ပိုင်ဆိုင်ကြောင်း အထောက်အထား တစ်စုံတစ်ရာ ပြသနိုင်ခြင်း မရှိဘဲ နေအိမ်အဆောက်အဦ တစ်ခုခုအတွင်းမှ ခိုးယူလာသည်ဟု စစ်ဆေးသိရှိရ သဖြင့် ဇွဲမောင်မောင်အား မကွေးမြို့မရဲစခန်း(ပ)၁၄၇၁/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၃၈၀/ကျင့် ၅၄ အရ အရေးယူဆောင်ရွက်ခဲ့ပါသည်။ 
ဇွဲမောင်မောင်အား ဆက်လက်စစ်ဆေးရာ လွန်ခဲ့သော(၂)ရက်၊ နံနက် ၀၂၀၀ အချိန် မကွေးမြို့၊ မြင်းကင်းလမ်း၊ မကွေးတက္ကသိုလ်ဝန်းရှိ ဆရာ/ဆရာမများ နေထိုင်သည့် အဆောင်အတွင်းမှ SAMSAUNG J7 2016၊ အဖြူရောင်ဖုန်း ဟမ်းဆက်တစ်လုံးအား ခိုးယူခဲ့ပြီး မကွေးမြို့၊ ကန်သာ ရပ်ကွက်၊ သစ္စာလမ်းဘေးရှိ စတားဖုန်းပြုပြင်ရေးဆိုင်တွင် တန်ဖိုး ၃၀၀၀၀ိ/- ဖြင့် ရောင်းချခဲ့ ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သဖြင့် ဇွဲမောင်မောင်အား မကွေးမြို့မရဲစခန်း(ပ)၁၄၈၇/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၃၈၀/ ကျင့် ၅၄  အရ အရေးယူဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video