၂၀၁၉ ခုနှစ်၊ သြဂုတ်လ ၂၈ ရက်နေ့ ညနေ ၃ နာရီခွဲခန့်တွင်
မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့၊ ရဲအကူတပ်ဖွဲ့ခွဲ၊ မှုခင်းအကူဌာနစိတ်မှ ရဲအုပ် အောင်ဇော်မင်းနှင့်အဖွဲ့သည်
သက်သေများနှင့်အတူ ခိုး/ဆိုး/နှိုက်သတင်းများ စုံစမ်းနေစဉ် မကွေးမြို့၊ ဖန်းခါးမြေ ဂေါက်ကွင်းဝန်းအတွင်း
မသင်္ကာဖွယ် အမျိုးသားတစ်ဦးအား တွေ့ရှိရသဖြင့် စစ်ဆေးမေးမြန်းရာ စလင်းမြို့နယ်၊ ဖောင်းလင်းကျေးရွာနေ
မင်းအောင်၊ ၄၀ နှစ်ဖြစ်ပြီး ၎င်းသည် လွန်ခဲ့သော(၁)ပတ်ခန့်က ပွင့်ဖြူမြို့နယ်၊ ကံသာကြီးကျေးရွာ
အနီး လမ်းဘေးတွင် ရပ်ထားသော DAYANG 125 ဖြူ/ပြာရောင် ဆိုင်ကယ်(၁)စီးအား ခိုးယူပြီး
မကွေးမြို့နယ်၊ ကန်ရွာလေးကျေးရွာနေ ဦးလှမြင့်ထံ ငွေ(၁)သိန်းကျပ်ဖြင့် ရောင်းချခဲ့ကြောင်း
စစ်ဆေးပေါ်ပေါက်ခဲ့၍ မင်းအောင်အား မကွေးမြို့မရဲစခန်း
(ပ)၁၅၀၀/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၃၇၉/ကျင့် ၅၄ အရ အရေးယူဆောင်ရွက်ထားရှိပါသည်။
Thursday, August 29, 2019
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment