၂၀၁၉ ခုနှစ်၊ သြဂုတ်လ ၂၈ ရက်နေ့ နေ့လည် ၁ နာရီမှ ၃
နာရီခန့်ထိ ဆောမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ကြည်ငြိမ်း
ဦးဆောင်သောတပ်ဖွဲ့ဝင်များသည် မင်းလယ်ကျေးရွာ
အခြေခံပညာ မူလတန်းလွန် ကျောင်းတွင် ရွာခွဲတာဝန်ခံ ဦးခင်အောင်၊ ကျောင်းအုပ်ဆရာမကြီး
ဒေါ်သိန်းဌေးနှင့် ဆရာ/ဆရာမ များ၊ ကျောင်းသား/ကျောင်းသူ၊ ကျေးရွာသူ/ကျေးရွာသားများအား
မှုခင်းလျော့နည်း ကျဆင်းရေး၊ သက်ငယ်မုဒိမ်းမှု လျော့နည်းကျဆင်းရေး၊
မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး၊ ယာဉ်စည်းကမ်း/လမ်းစည်းကမ်း အသိပညာပေး
ဟောပြောခြင်းများ ဆောင်ရွက်ခဲ့ပါသည်။
နေ့လည် ၁ နာရီမှ ၂ နာရီခွဲခန့်ထိ
ဆောမြို့နယ်၊ လောင်းရှည်နယ်မြေရဲစခန်းမှူး ရဲအုပ် စိုးသီဟ ဦးဆောင်သော တပ်ဖွဲ့ဝင်များသည် ခွေးမည်းကန်ကျေးရွာတာဝန်ခံ ဒေါ်စန္ဒာဝင်း၏ နေအိမ်တွင်
ကျေးရွာသူ/ကျေးရွာသားများ အား မှုခင်းလျော့နည်း ကျဆင်းရေး၊ သက်ငယ်မုဒိမ်းမှု လျော့နည်း
ကျဆင်းရေး၊ မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး၊ လူကုန်ကူးမှုအန္တရာယ် တားဆီး ကာကွယ်ရေး၊
ယာဉ်စည်းကမ်း/လမ်းစည်းကမ်း အသိပညာပေး ဟောပြောခြင်းများ ဆောင်ရွက် ခဲ့ကြောင်း သတင်းရရှိပါသည်။
0 comments:
Post a Comment