Thursday, August 29, 2019


၂၀၁၉ ခုနှစ်၊ သြဂုတ်လ ၂၈ ရက်နေ့ နေ့လည် ၁ နာရီမှ ၂ နာရီခွဲခန့်ထိ ပခုက္ကူမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ကျော်ဌေး ဦးဆောင်သောတပ်ဖွဲ့ဝင်များသည် ပခုက္ကူမြို့နယ်၊ အရာတော်ကျေးရွာ၊ အခြေခံ ပညာမူလတန်းကျောင်းတွင် ကျောင်းအုပ်ဆရာကြီး ဦးကျော်မင်းဒင်နှင့် ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူ၊ ကျေးရွာသူ/ကျေးရွာသားများအား မှုခင်း လျော့နည်းကျဆင်းရေး၊ သက်ငယ်မုဒိမ်းမှု လျော့နည်းကျဆင်းရေး၊ မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး၊ ယာဉ်စည်းကမ်း/လမ်းစည်းကမ်း အသိပညာပေး ဟောပြောခြင်းများ ဆောင်ရွက်ခဲ့ပါသည်။ 
နေ့လည် ၁ နာရီမှ ၂ နာရီခွဲခန့်ထိ ပခုက္ကူမြို့နယ်၊ ကျက်ထိုးရဲကင်းစခန်းမှူး ဒုရဲအုပ် ကျော်မိုးဝင်း ဦးဆောင်သော တပ်ဖွဲ့ဝင်များသည် ပခုက္ကူမြို့နယ်၊ အနောက်ကုန်းကျေးရွာ ရွာလယ်ဓမ္မာရုံတွင် ကျေးရွာသူ/ကျေးရွာသားများအား မှုခင်း လျော့နည်းကျဆင်းရေး၊ သက်ငယ်မုဒိမ်းမှု လျော့နည်း ကျဆင်းရေး၊ မူးယစ်ဆေးဝါးအန္တရာယ် တားဆီး ကာကွယ်ရေး၊ လူကုန်ကူးမှုအန္တရာယ် တားဆီး ကာကွယ်ရေး၊ ယာဉ်စည်းကမ်း/လမ်းစည်းကမ်း အသိပညာပေး ဟောပြောခြင်းများ ဆောင်ရွက်ခဲ့ ကြောင်း သတင်းရရှိပါသည်။




0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video