Thursday, August 29, 2019


၂၀၁၉ ခုနှစ်၊ သြဂုတ်လ ၂၈ ရက်နေ့ ညနေ ၃ နာရီမှ ၅ နာရီခွဲခန့်ထိ မင်းဘူးမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ၀င်းထိန် ဦးဆောင်သောတပ်ဖွဲ့ဝင်များသည် ကန်ရေကျေးရွာ၊ ရွာဦးဓမ္မာရုံတွင် ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဦးနှင့် ကျေးရွာသူ/ကျေးရွာသားများအား မှုခင်းလျော့နည်းကျဆင်းရေး၊ သက်ငယ်မုဒိမ်းမှု လျော့နည်းကျဆင်းရေး၊ မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး၊ ယာဉ်စည်းကမ်း/လမ်းစည်းကမ်း အသိပညာပေး ဟောပြောခြင်းများ ဆောင်ရွက်ခဲ့ပါသည်။ 
နေ့လည် ၁ နာရီမှ ၃ နာရီခွဲခန့်ထိ ပွင့်ဖြူမြို့မရဲစခန်းမှူး ဒုရဲမှူး အေးဇော် ဦးဆောင်သော တပ်ဖွဲ့ဝင် များသည် သရက်ကု န်းကျေးရွာ ရွာလယ်ဓမ္မာရုံတွင် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးအောင်ဘို၊ ရွာခွဲ တာဝန်ခံ ဦးဝင်းဌေးနှင့် ကျေးရွာသူ /ကျေးရွာသားများအား မှုခင်း လျော့နည်းကျဆင်းရေး၊ သက်ငယ်မုဒိမ်းမှု လျော့နည်းကျဆင်းရေး၊ မူးယစ်ဆေးဝါး အန္တရာယ်တားဆီးကာကွယ်ရေး၊ လူကုန်ကူးမှုအန္တရာယ် တားဆီးကာကွယ်ရေး၊ ယာဉ်စည်းကမ်း/လမ်းစည်းကမ်း အသိ ပညာပေး ဟောပြောခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။





0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video