Wednesday, August 28, 2019


၂၀၁၉ ခုနှစ်၊ သြဂုတ်လ ၂၇ ရက်နေ့ နံနက် ၁၀ နာရီမှ ၁၁ နာရီခွဲခန့်ထိ သရက်မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး သန်းထွန်း ဦးဆောင်သောတပ်ဖွဲ့ဝင်များသည် ဆင်ကော်ကျေးရွာအခြေခံပညာအလယ်တန်း(ခွဲ) တွင် ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများအား မှုခင်းလျော့နည်းကျဆင်းရေး၊ သက်ငယ် မုဒိမ်းမှု လျော့နည်းကျဆင်းရေး၊ မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး၊ ယာဉ်စည်းကမ်း/ လမ်းစည်းကမ်း အသိပညာပေး ဟောပြောခြင်းများဆောင်ရွက်ခဲ့ပါသည်။ 
နံနက် ၁၀ နာရီမှ ၁၁ နာရီခွဲခန့်ထိ မင်းတုန်းမြို့နယ်၊ အလယ်ချောင်းနယ်မြေရဲစခန်းမှူး ရဲအုပ် မောင်ဝင်း ဦးဆောင်သော တပ်ဖွဲ့ဝင်များသည် ချင်းနစ်ကျေးရွာအုပ်စု၊ ကံတွင်းကျေးရွာ၊ ရွာလယ် ဓမ္မာရုံတွင် ကျေးရွာသူ/ကျေးရွာသားများအား မှုခင်းလျော့နည်း ကျဆင်းရေး၊ သက်ငယ်မုဒိမ်းမှု လျော့နည်းကျဆင်းပပျောက်ရေးအတွက် ဆောင်ရန်/ရှောင်ရန်အချက်များ၊ မူးယစ်ဆေးဝါး အန္တရာယ် တားဆီးကာကွယ်ရေး၊ လူကုန်ကူးမှုအန္တရာယ် တားဆီးကာကွယ်ရေး၊ ယာဉ်စည်းကမ်း/ လမ်းစည်းကမ်း အသိပညာပေးဟောပြောခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။





0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video