မကွေး၊
ဇွန်လ ၂၉ ရက်
၂၀၁၉ ခုနှစ်၊ ဇွန်လ ၂၈ ရက်နေ့ နေ့လည် ၃ နာရီခွဲခန့်တွင်
မကွေးနယ်မြေရဲစခန်းမှ ဒုရဲအုပ် ပြည့်ဖြိုးအောင်နှင့် အဖွဲ့သည် လောင်းကစားပြုလုပ်နေကြောင်း
သတင်းအရ သက်သေများနှင့် အတူ မကွေးမြို့နယ်ရဲတပ်ဖွဲ့မှူး၏ လောင်းကစားနေအိမ်သို့ ၀င်ရောက်ရှာဖွေခွင့်ဝရမ်းအမှတ်
(၂၁/၂၀၁၉)ဖြင့် မကွေးမြို့နယ်၊ ဆားတိုင်ကန်ကျေးရွာနေ မရီရီဝင်း၊ ၃၆ နှစ်၏နေအိမ်သို့
ဝင်ရောက်ရှာဖွေခဲ့ရာ မရီရီဝင်းအား နေအိမ်နောက်ဖေးရှိ မိုးကာစပေါ်တွင် တွေ့ရှိရပြီး ၎င်းရှေ့
ကြိတ်သားစားပွဲပေါ်တွင် နှစ်လုံးထီလောင်းကစားရာတွင် အသုံးပြုသော စာရွက်စာတမ်းများ၊ ဆက်စပ် ပစ္စည်းများ၊
လောင်းကြေးငွေများထည့်ထားသည့် FUJI တံဆိပ်ပါ အဖြူရောင် ဆပ်ပြာပုံး (၁)ပုံးနှင့် လောင်းကြေးငွေစက္ကူရောရာ
(၇၈၁၅၀ိ/-)တို့အား ရှာဖွေတွေ့ရှိ သိမ်းဆည်းရမိခဲ့၍ မရီရီဝင်းအား မကွေးနယ်မြေ ရဲစခန်း (ပ)၅၁၇/၂၀၁၉၊
လောင်းကစားဥပဒေပုဒ်မ ၁၈(က)/၁၉(က) အရ အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။Saturday, June 29, 2019
8:23 PM
minnthwin
Local News, NEWS, Regional News
No comments
မကွေး၊
ဇွန်လ ၂၉ ရက်
၂၀၁၉ ခုနှစ်၊ ဇွန်လ ၂၈ ရက်နေ့ နံနက် ၁၁ နာရီခွဲခန့်တွင် မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးမှ
ရဲအုပ် ဇင်မင်းထွန်း ပါ တပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ ပွင့်ဖြူမြို့နယ်၊ စည်ပင်သာယာ
ကျေးရွာတွင် နှစ်လုံးထီ/သုံးလုံးထီ လောင်းကစား ပြုလုပ်နေကြောင်း သတင်းအရ စောင့်ဆိုင်း
နေစဉ် ရွာလယ်လမ်းမနှင့် ရွာအရှေ့ဘက် ဆည်းမြောင်းဘောင်လမ်းဆုံအနီး၌ ပွင့်ဖြူမြို့နယ်၊
အနောက်ကိုင်းကျေးရွာနေ ၀င်းမြိုင်၊ ၄၄ နှစ်သည် ၃၆ယ/၆၁၇၃၈ Super Anbo 125 အပြာရောင်ဆိုင်ကယ်အား
စီးနင်းမောင်းနှင်လာသည်ကို တွေ့ရှိရသဖြင့် ရပ်တန့်စစ်ဆေးရာ ၀င်းမြိုင်၏ ပုဆိုးခါးပုံစအတွင်းမှ
နှစ်လုံးထီလောင်းကစားရာတွင် အသုံးပြုသော စာရွက်စာတမ်း များနှင့် ဆိုင်ကယ် တူးဘောက်အတွင်းမှ
စာရွက်စာတမ်းများ၊ လောင်းကြေးငွေစက္ကူရောရာ (၁၄၅၇၀၀ိ/-)ကို ရှာဖွေတွေ့ရှိ သိမ်းဆည်း ရမိခဲ့သဖြင့်
ဝင်းမြိုင်အား ပွင့်ဖြူမြို့နယ်၊ ကုန်းဇောင်း
နယ်မြေရဲစခန်း (ပ)၄၀/၂၀၁၉၊ လောင်းကစားဥပဒေပုဒ်မ ၁၈(က)အရ အရေးယူဆောင်ရွက် လျက်ရှိကြောင်း
သတင်းရရှိပါသည်။
Friday, June 28, 2019
6:52 PM
minnthwin
Local News, NEWS, Regional News
No comments
မကွေး၊
ဇွန်လ ၂၈ ရက်
၂၀၁၉ ခုနှစ်၊ ဇွန်လ ၂၇ ရက်နေ့ နံနက် ၁ နာရီခွဲခန့်တွင်
တောင်တွင်းကြီးမြို့မရဲစခန်းမှ ဒုရဲအုပ် ချိုလင်းအောင်နှင့်အဖွဲ့သည် သက်သေများနှင့်အတူ
ညဥ့်နက်လှည့်ကင်းဆောင်ရွက်နေစဉ် တောင်တွင်းကြီးမြို့၊ တောင်ပြင်(၁)ရပ်ကွက်၊ ပုဏ္ဏ၀တီလမ်းထိပ်၊
ရွှေမိုးကွမ်းယာဆိုင်အနီးတွင် တောင်တွင်းကြီးမြို့၊ မောင်းတိုင်(၂) ရပ်ကွက်နေ ကိုဖြိုး၊
၁၆ နှစ်သည် အရိုး(၆)လက်မ၊ အသွား (၂၆)လက်မခန့်ရှိ ဓါးဦးချွန်အား ကိုင်ဆောင်၍ မူးယစ် ဆူပူရမ်းကားနေသည်ကို
တွေ့ရှိရသဖြင့် ကိုဖြိုးအား တောင်တွင်းကြီးမြို့မရဲစခန်း(ပ)၇၃၁/၂၀၁၉၊ လက်နက်ဥပဒေ ပုဒ်မ ၁၉(င)
အရ အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။
4:52 PM
minnthwin
Local News, NEWS, Regional News
No comments
မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှ မကွေးမြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်းများသို့
ဆရာဒကာ လှူဒါန်းမှုအဖြစ် လစဉ်လှူဒါန်းဆောင်ရွက်လျက်ရှိရာ ၂၀၁၉ ခုနှစ်၊ ဇွန်လ ၂၈
ရက်နေ့ နံနက် ၇ နာရီခွဲခန့်တွင် မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ခင်ဇော်
ဦးဆောင်၍ မကွေးခရိုင် ရဲတပ်ဖွဲ့မှူး ယာယီဒုရဲမှူးကြီး စိုင်းခမ်းလူ၊
ရဲအကူတပ်ဖွဲ့ခွဲမှူး ဒုရဲမှူးကြီး စောလေးဝါး၊ ဒုယာဉ်ထိန်းတပ်ဖွဲ့ခွဲမှူး(မကွေး)၊
မှုခင်းရဲတပ်ဖွဲ့စုမှူး(မကွေး)၊ သတင်းရဲဒုတပ်ဖွဲ့ခွဲမှူး(မကွေး)၊ မူးယစ်တပ်ဖွဲ့စုမှူး(မကွေး)
တို့ပါဝင်သော တပ်ဖွဲ့များမှ စုပေါင်း၍ ရာဇမုနိဘုန်းတော်ကြီးကျောင်း သို့
ဆန်(၂)အိတ်၊ ဆီ(၅)ပိဿာအား လည်းကောင်း၊ အောင်မြေရတနာဘုန်းတော်ကြီးကျောင်းသို့
ဆန်(၅)အိတ်၊ ဆီ(၁၀)ပိဿာအား လည်းကောင်း၊ ပုည၀တီဘုန်းတော်ကြီးကျောင်းသို့ ဆန်(၃) အိတ်၊
ဆီ(၁၀)ပိဿာအားလည်းကောင်း သွားရောက် လှူဒါန်းခဲ့ကြောင်း သိရှိရပါသည်။
Thursday, June 27, 2019
4:07 PM
minnthwin
Local News, NEWS, Regional News
No comments
မကွေး ၊ ဇွန်လ ၂၇ ရက်
၂၀၁၉ ခုနှစ် ဇွန်လ ၂၆ ရက်နေ့
နံနက် ၉ နာရီမှ ၁၀ နာရီခွဲခန့်ထိ ဂန့်ဂေါမြို့နယ်၊ မင်းရွာရဲကင်းစခန်းမှ ရဲအုပ် မင်းမင်းကျော်
နှင့်အဖွဲ့သည် မင်းရွာကျေးရွာ အခြေခံပညာအထက်တန်းကျောင်းတွင် ကျေးရွာ အုပ်ချုပ်ရေးမှူး
ဦးတင်မြတ်၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်နန်းရွှေရွှေလွင်နှင့် ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများအား
မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး ဟောပြောခြင်း။ လူမှောင်ခို/လူကုန်ကူးမှုအန္တရာယ် အသိပညာပေး
ဟောပြောခြင်းများ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။4:06 PM
minnthwin
Local News, NEWS, Regional News
No comments
မကွေး ၊ ဇွန်လ ၂၇ ရက်
၂၀၁၉ ခုနှစ် ဇွန်လ ၂၆ ရက်နေ့
နေ့လည် ၂ နာရီမှ ၃ နာရီခန့်ထိ ရေစကြိုမြို့နယ်၊ ပခန်းကြီး ခေတ္တ နယ်မြေရဲစခန်းမှူး ရဲအုပ်
မျိုးမင်းသိန်း ဦးစီးသောတပ်ဖွဲ့ဝင်များသည် ဂွေးချိုကျေးရွာ၊ ရွာခွဲတာဝန်ခံ ဦးစိန်ငွေ၊
ဆယ်အိမ်မှူး ဦးဝင်းခိုင် တို့နှင့်အတူ ရေစကြိုမြို့နယ်၊ ဂွေးချိုကျေးရွာဘုန်းတော်ကြီးကျောင်း
တွင် ကျေးရွာနေ ပြည်သူ/ပြည်သားများအား သက်ငယ်မုဒိမ်းမှုမဖြစ်ပွားစေရေး
အသိပညာပေးခြင်း၊ ယာဉ်စည်းကမ်း/လမ်းစည်းကမ်း အသိပညာပေးခြင်း၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေး
အသိပညာ ပေး ဟောပြောခြင်းများ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။4:04 PM
minnthwin
Local News, NEWS, Regional News
No comments
မကွေး ၊ ဇွန်လ ၂၇ ရက်
၂၀၁၉ ခုနှစ် ဇွန်လ ၂၅ ရက်နေ့
နံနက် ၉ နာရီခွဲခန့်တွင် မင်းလှမြို့နယ်၊ ရေနံမနယ်မြေရဲစခန်းအပိုင်၊ ဆင်ရင်ကျေးရွာနှင့်
ကျောက်ကုန်းကျေးရွာအကြား လျှိုမြောင်အတွင်း ဆင်တောင်ချောင်းအနီး တောထဲတွင် မသင်္ကာလူစိမ်းများ
တွေ့ရှိကြောင်း သတင်းပေးချက်အရ လက်ပံတံခါးရဲကင်းစခန်းမှူး ဒုရဲအုပ် သက်နိုင်ဦး ဦးစီးသောတပ်ဖွဲ့ဝင်များသည်
သက်သေများနှင့်အတူ တောနင်းရှာဖွေခဲ့ရာ အထောက်ထားမဲ့ ခိုးဝင်မွတ်စလင်လူမျိုး ကျောက်တော်မြို့နယ်၊
ခေါင်းတုတ်ဈေးကျေးရွာနေ မာဟာဘူအာလောင်(ခ)မောင်ဇော်ဇော်၊ ၁၉ နှစ်ပါ ကျား(၇)ဦးနှင့်
လမ်းပြ လိုက်ပါပို့ဆောင်သူ မင်းတုန်းမြို့နယ်၊ ၀က်ကော်ကျေးရွာအုပ်စု၊ ငကုန်းကျေးရွာနေ
စိုးမိုးဦး(ခ)စန်းဦး၊ ၂၄ နှစ် တို့အား ဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိပါသည်။Wednesday, June 26, 2019
5:46 PM
minnthwin
Local News, NEWS, Regional News
No comments
၂၀၁၉ ခုနှစ်၊ ဇွန်လ ၂၅ ရက်နေ့ နေ့လည် ၁ နာရီခွဲခန့်တွင်
ဆင်ပေါင်ဝဲမြို့နယ်သစ်တောဦးစီးဌာန၊ ဦးစီးအရာရှိ ဦးသိန်းကိုသည် တရားမ၀င် သစ်များ တင်ဆောင်လာကြောင်း သတင်းအရ ဆင်ပေါင်ဝဲမြို့မရဲစခန်းမှ ဒုရဲအုပ် ကိုကိုမောင် ဦးစီးတပ်ဖွဲ့ဝင်များ၊ တောအုပ် ဦးထွန်းဇော် တို့အဖွဲ့ နှင့်
ပူးပေါင်း၍ သက်သေများနှင့်အတူ သွားရောက်စစ်ဆေးရာ ဆင်ပေါင်ဝဲမြို့၊ အမှတ်(၃)ရပ်ကွက်၊ တေဇစတ္ကီတိုက်အနီး SHN-1B/7401 နံပါတ်ပါ
အဖြူရောင်/အပြာတန်းပါ (၆)ဘီး မော်တော်ယာဉ် ပေါ်တွင် တရားမ၀င်တင်ဆောင်လာသော ဇောင်းလွေးမျော(၄)လုံး၊ ၀.၁၃၇၈ တန်၊ ဖလံမျော (၂)လုံး၊ ၀.၂၂၅၈ တန်၊ ယင်းမာမျော(၂)လုံး၊ ၀.၀၇၇၆ တန်၊ စုစုပေါင်းမျော(၁၀)လုံး၊ ၀.၄၄၁၂ တန်နှင့် ထောက်ကြံ့ခွဲသား(၈၁)ချောင်း၊ ၂.၉၇၈၆ တန် တို့အား တွေ့ရှိသိမ်းဆည်းရမိ ခဲ့ပြီး ယာဉ်ပေါ်တွင် ဆင်ပေါင်ဝဲမြို့နယ်၊ မွှန်းစကျေးရွာနေ မြင့်လေး၊ ၅၁ နှစ်နှင့် ဆင်ပေါင်ဝဲမြို့၊ အမှတ် (၂)ရပ်ကွက်နေ စိုးမိုးထွန်း၊ ၅၀ နှစ်တို့(၂)ဦးအားတွေ့ရှိ၍ စစ်ဆေးမေးမြန်းရာ မြိုင်ကြီး၊ ၃၀ နှစ်မှ ယာဉ်အား ရပ်တန့်ထားပြီး ထွက်ပြေးသွားကြောင်း သိရှိရသဖြင့် မြင့်လေး၊ စိုးမိုးထွန်းနှင့် မြိုင်ကြီးပါ (၃)ဦးတို့အား ဆင်ပေါင်ဝဲမြို့မရဲစခန်း(ပ)၉၈/၂၀၁၉၊ သစ်တောဥပဒေပုဒ်မ
၄၁(က) အရ အရေးယူ ဆောင်ရွက်ထားရှိပါသည်။
Subscribe to:
Posts (Atom)