Thursday, June 27, 2019

မကွေး ၊ ဇွန်လ ၂၇ ရက်
၂၀၁၉ ခုနှစ် ဇွန်လ ၂၅ ရက်နေ့ နံနက် ၉ နာရီခွဲခန့်တွင် မင်းလှမြို့နယ်၊ ရေနံမနယ်မြေရဲစခန်းအပိုင်၊ ဆင်ရင်ကျေးရွာနှင့် ကျောက်ကုန်းကျေးရွာအကြား လျှိုမြောင်အတွင်း ဆင်တောင်ချောင်းအနီး တောထဲတွင် မသင်္ကာလူစိမ်းများ တွေ့ရှိကြောင်း သတင်းပေးချက်အရ လက်ပံတံခါးရဲကင်းစခန်းမှူး ဒုရဲအုပ် သက်နိုင်ဦး ဦးစီးသောတပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ တောနင်းရှာဖွေခဲ့ရာ အထောက်ထားမဲ့ ခိုးဝင်မွတ်စလင်လူမျိုး ကျောက်တော်မြို့နယ်၊ ခေါင်းတုတ်ဈေးကျေးရွာနေ မာဟာဘူအာလောင်(ခ)မောင်ဇော်ဇော်၊ ၁၉ နှစ်ပါ ကျား(၇)ဦးနှင့် လမ်းပြ လိုက်ပါပို့ဆောင်သူ မင်းတုန်းမြို့နယ်၊ ၀က်ကော်ကျေးရွာအုပ်စု၊ ငကုန်းကျေးရွာနေ စိုးမိုးဦး(ခ)စန်းဦး၊ ၂၄ နှစ် တို့အား ဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိပါသည်။

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video