၂၀၁၉ ခုနှစ်၊ ဇွန်လ ၂၅ ရက်နေ့ နေ့လည် ၁ နာရီခွဲခန့်တွင်
ဆင်ပေါင်ဝဲမြို့နယ်သစ်တောဦးစီးဌာန၊ ဦးစီးအရာရှိ ဦးသိန်းကိုသည် တရားမ၀င် သစ်များ တင်ဆောင်လာကြောင်း သတင်းအရ ဆင်ပေါင်ဝဲမြို့မရဲစခန်းမှ ဒုရဲအုပ် ကိုကိုမောင် ဦးစီးတပ်ဖွဲ့ဝင်များ၊ တောအုပ် ဦးထွန်းဇော် တို့အဖွဲ့ နှင့်
ပူးပေါင်း၍ သက်သေများနှင့်အတူ သွားရောက်စစ်ဆေးရာ ဆင်ပေါင်ဝဲမြို့၊ အမှတ်(၃)ရပ်ကွက်၊ တေဇစတ္ကီတိုက်အနီး SHN-1B/7401 နံပါတ်ပါ
အဖြူရောင်/အပြာတန်းပါ (၆)ဘီး မော်တော်ယာဉ် ပေါ်တွင် တရားမ၀င်တင်ဆောင်လာသော ဇောင်းလွေးမျော(၄)လုံး၊ ၀.၁၃၇၈ တန်၊ ဖလံမျော (၂)လုံး၊ ၀.၂၂၅၈ တန်၊ ယင်းမာမျော(၂)လုံး၊ ၀.၀၇၇၆ တန်၊ စုစုပေါင်းမျော(၁၀)လုံး၊ ၀.၄၄၁၂ တန်နှင့် ထောက်ကြံ့ခွဲသား(၈၁)ချောင်း၊ ၂.၉၇၈၆ တန် တို့အား တွေ့ရှိသိမ်းဆည်းရမိ ခဲ့ပြီး ယာဉ်ပေါ်တွင် ဆင်ပေါင်ဝဲမြို့နယ်၊ မွှန်းစကျေးရွာနေ မြင့်လေး၊ ၅၁ နှစ်နှင့် ဆင်ပေါင်ဝဲမြို့၊ အမှတ် (၂)ရပ်ကွက်နေ စိုးမိုးထွန်း၊ ၅၀ နှစ်တို့(၂)ဦးအားတွေ့ရှိ၍ စစ်ဆေးမေးမြန်းရာ မြိုင်ကြီး၊ ၃၀ နှစ်မှ ယာဉ်အား ရပ်တန့်ထားပြီး ထွက်ပြေးသွားကြောင်း သိရှိရသဖြင့် မြင့်လေး၊ စိုးမိုးထွန်းနှင့် မြိုင်ကြီးပါ (၃)ဦးတို့အား ဆင်ပေါင်ဝဲမြို့မရဲစခန်း(ပ)၉၈/၂၀၁၉၊ သစ်တောဥပဒေပုဒ်မ
၄၁(က) အရ အရေးယူ ဆောင်ရွက်ထားရှိပါသည်။
Wednesday, June 26, 2019
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment