Wednesday, June 26, 2019


၂၀၁၉ ခုနှစ်၊ ဇွန်လ ၂၆ ရက်နေ့ နံနက် ၈ နာရီခွဲခန့်တွင် မြိုင်မြို့မရဲစခန်းမှူး ဒုရဲမှူး တင်ကိုကို နှင့်အဖွဲ့သည် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုဦးစီးမှူး ဦးသာမောင်မောင်အေး၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးရဲအောင်၊ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဒေါ်ဖြိုးမွန်မွန်ထွန်း၊ မြိုင်မြို့ပေါ်ရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပါဝင်သော ဌာနဆိုင်ရာများနှင့်  ပူးပေါင်း၍ မြိုင်မြို့၊ အမှတ်(၂)ရပ်ကွက်ရှိ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းရှေ့တွင် ကျောင်းသား/ကျောင်းသူများအား ယာဉ်စည်းကမ်း/လမ်းစည်းကမ်း အသိပညာပေး လက်ကမ်း စာစောင်များနှင့် မူးယစ်ဆေးဝါး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။



0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video