၂၀၁၉ ခုနှစ်
ဇွန်လ ၂၆ ရက်နေ့ နံနက် ၉ နာရီခန့်တွင် မကွေးမြို့၊ ပြည်တော်သာရပ်ကွက်၊ အထက (၁)လမ်းရှိ
မြို့တော်ခန်းမတွင် (၃၂)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး
အလွဲသုံးမှုနှင့် တရားမ၀င်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အခမ်းအနား
ကျင်းပပြုလုပ်ခဲ့ရာ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့၊ ၀န်ကြီးချုပ် ဒေါက်တာ
အောင်မိုးညို၊ လွှတ်တော်ဥက္ကဌ ဦးတာ၊ တရားသူကြီးချုပ် ဦးစိန်ထွန်း၊ လုံခြုံရေးနှင့်
နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မင်းဦးနှင့် အစိုးရအဖွဲ့ဝင် ၀န်ကြီးများ၊
ဥပဒေချုပ် ဦးဆန်းလင်း၊ စာရင်းစစ်ချုပ် ဦးလှသန်း၊ တိုင်းဒေသကြီးလွတ်တော်
ဒုတိယဥက္ကဌ ဦးဇော်မျိုးဝင်း၊ မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ခင်ဇော်၊
ဒုတိယတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ယာယီရဲမှူးကြီး ခင်မောင်လတ်၊ တိုင်းဒေသကြီး မူးယစ်ဆေးဝါးဆန့်ကျင်ရေးအသင်း
ဒုတိယဥက္ကဌ ဦးသန်းထွန်း၊ အတွင်းရေးမှူး ဒေါက်တာ မင်းအောင်၊ အမှတ်(၁၅)မူးယစ် ရဲတပ်ဖွဲ့စုမှူး
ရဲမှူး သန့်ဇော်နှင့် တိုင်း/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊
ဖိတ်ကြားထားသည့် ဧည့်သည်တော်များ၊ ဆုရရှိသူများ၊ ဆရာ/ဆရာမများ၊
ကျောင်းသား/သူများ၊ သူနာပြုဆရာမများ၊ လူမှုရေးအသင်းအဖွဲ့များ၊ စုစုပေါင်းအင်အား (၇၀၀)ဦးခန့်
တက်ရောက်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ၀န်ကြီးချုပ် ဒေါက်တာ
အောင်မိုးညိုမှ အဖွင့်အမှာစကားပြောကြားခြင်း၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး
မင်းဦးမှ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမ၀င် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့
အခမ်းအနားအတွက် ပြည်ထဲရေး ၀န်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေထံမှ ပေးပို့သည့် သ၀ဏ်လွှာအား
ဖတ်ကြားခြင်း၊ ဗဟို အဆင့် ဆုရရှိသူများ၊ (အထက်တန်း/အလယ်တန်/မူလတန်း)အဆင့် ဆုရရှိသူများအား
ဆုချီးမြှင့် ခြင်း၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေး
ဗဟိုအဖွဲ့၏ ဆောင်ရွက်ချက် မှတ်တမ်းဗွီဒီယို ပြသခြင်း၊ ဆုရရှိသူများနှင့် မှတ်တမ်းဓါတ်ပုံ
ရိုက်ကူးခြင်း၊ ၀န်ကြီးချုပ် ဒေါက်တာ အောင်မိုးညိုနှင့် တက်ရောက်လာသူများမှ ခင်းကျင်းပြသ
ထားသည့် ပြခန်းအား လှည့်လည်ကြည့်ရှုခြင်းများ ပြုလုပ်ခဲ့ပြီး ၁၀ နာရီခွဲခန့်တွင် အခမ်းအနား
ပြီးမြောက်ခဲ့ကြောင်း သတင်းရရှိပါသည်။
0 comments:
Post a Comment