မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှ မကွေးမြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်းများသို့
ဆရာဒကာ လှူဒါန်းမှုအဖြစ် လစဉ်လှူဒါန်းဆောင်ရွက်လျက်ရှိရာ ၂၀၁၉ ခုနှစ်၊ ဇွန်လ ၂၈
ရက်နေ့ နံနက် ၇ နာရီခွဲခန့်တွင် မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ခင်ဇော်
ဦးဆောင်၍ မကွေးခရိုင် ရဲတပ်ဖွဲ့မှူး ယာယီဒုရဲမှူးကြီး စိုင်းခမ်းလူ၊
ရဲအကူတပ်ဖွဲ့ခွဲမှူး ဒုရဲမှူးကြီး စောလေးဝါး၊ ဒုယာဉ်ထိန်းတပ်ဖွဲ့ခွဲမှူး(မကွေး)၊
မှုခင်းရဲတပ်ဖွဲ့စုမှူး(မကွေး)၊ သတင်းရဲဒုတပ်ဖွဲ့ခွဲမှူး(မကွေး)၊ မူးယစ်တပ်ဖွဲ့စုမှူး(မကွေး)
တို့ပါဝင်သော တပ်ဖွဲ့များမှ စုပေါင်း၍ ရာဇမုနိဘုန်းတော်ကြီးကျောင်း သို့
ဆန်(၂)အိတ်၊ ဆီ(၅)ပိဿာအား လည်းကောင်း၊ အောင်မြေရတနာဘုန်းတော်ကြီးကျောင်းသို့
ဆန်(၅)အိတ်၊ ဆီ(၁၀)ပိဿာအား လည်းကောင်း၊ ပုည၀တီဘုန်းတော်ကြီးကျောင်းသို့ ဆန်(၃) အိတ်၊
ဆီ(၁၀)ပိဿာအားလည်းကောင်း သွားရောက် လှူဒါန်းခဲ့ကြောင်း သိရှိရပါသည်။
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment