Friday, June 28, 2019

မကွေး၊ ဇွန်လ ၂၈ ရက်
၂၀၁၉ ခုနှစ်၊ ဇွန်လ ၂၇ ရက်နေ့ နံနက် ၁ နာရီခွဲခန့်တွင် တောင်တွင်းကြီးမြို့မရဲစခန်းမှ ဒုရဲအုပ် ချိုလင်းအောင်နှင့်အဖွဲ့သည် သက်သေများနှင့်အတူ ညဥ့်နက်လှည့်ကင်းဆောင်ရွက်နေစဉ် တောင်တွင်းကြီးမြို့၊ တောင်ပြင်(၁)ရပ်ကွက်၊ ပုဏ္ဏ၀တီလမ်းထိပ်၊ ရွှေမိုးကွမ်းယာဆိုင်အနီးတွင် တောင်တွင်းကြီးမြို့၊ မောင်းတိုင်(၂) ရပ်ကွက်နေ ကိုဖြိုး၊ ၁၆ နှစ်သည် အရိုး(၆)လက်မ၊ အသွား (၂၆)လက်မခန့်ရှိ ဓါးဦးချွန်အား ကိုင်ဆောင်၍ မူးယစ် ဆူပူရမ်းကားနေသည်ကို တွေ့ရှိရသဖြင့် ကိုဖြိုးအား တောင်တွင်းကြီးမြို့မရဲစခန်း(ပ)၇၃၁/၂၀၁၉၊ လက်နက်ဥပဒေ ပုဒ်မ ၁၉(င) အရ အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။
 

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video