Thursday, February 7, 2019

မကွေး၊ ဖေဖေါ်ဝါရီလ ၄ ရက်
၂၀၁၉ ခုနှစ်၊ ဖေဖေါ်ဝါရီလ ၄ ရက်နေ့ ညနေ ၃ နာရီခန့်မှ ၄ နာရီခန့်အထိ မြိုင်မြို့နယ်၊ အလယ်ကန် ကျေးရွာအုပ်စု၊ အလယ်ကန်ကျေးရွာဓမ္မာရုံတွင် မြိုင်မြို့မရဲစခန်းမှူး ဒုရဲမှူး တင်ကိုကို ဦးစီး တပ်ဖွဲ့ဝင်များ သည် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဌာနမှ ဦးစီးမှူး ဒေါ်ဖြိုးမွန်မွန်ထွန်း တို့နှင့်အတူ မှုခင်း အသိပညာပေး ဟောပြောပွဲပြုလုပ်ခဲ့ရာ အလယ်စုကျေးရွာအုပ်ချုပ်ရေးမှူး ဦးသန်းဌေးနှင့် ရပ်မိ/ရမ်ဖများ၊ ကျေးရွာသူ/ကျေးရွာသားများ စုစုပေါင်းအင်အား(၄၀)ဦးခန့် တက်ရောက်ခဲ့ပြီး ဒုရဲမှူး တင်ကိုကိုမှ မှုခင်း ကျဆင်းရေး အသိပညာပေးဟောပြောခြင်း၊ သက်ငယ်မုဒိမ်းမှု မဖြစ်ပွားစေရေး အသိပညာပေးဟောပြော ခြင်း၊ ဒေါ်ဖြိုးမွန်မွန်ထွန်းမှ လူကုန်ကူးမှု တားဆီးကာကွယ်ရေးဆိုင်ရာများအကြောင်း ဟောပြောခြင်းများ ဆောင်ရွက်ခဲ့ကြပြီး လက်ကမ်းစာစောင်များအား ဖြန့်ဝေပေးအပ်ခဲ့ပါသည်။   
ဆက်လက်၍ ညနေ ၄ နာရီအချိန်မှ ၅ နာရီခွဲခန့်အထိ မြိုင်မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ၀င်းအောင် ဦးစီး တပ်ဖွဲ့ဝင်များ သည် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးမှူး ဒေါ်ဖြိုးမွန်မွန်ထွန်းတို့နှင့်အတူ မြိုင်မြို့နယ်၊ အလယ်ကန်ကျေးရွာအုပ်စု၊ ရေမျက်ကျေးရွာနေ ရွာခွဲတာဝန်ခံ ဦးတင်ထွန်း၏နေအိမ်၌ မှုခင်းအသိပညာပေး ဟောပြောပွဲကျင်းပပြုလုပ်ခဲ့ရာ အလယ်စု ကျေးရွာအုပ်ချုပ်ရေးမှူး ဦးသန်းဌေးနှင့် ရပ်မိ/ရပ်ဖများ၊ ကျေးရွာသူ/ ကျေးရွာသားများ စုစုပေါင်း အင်အား(၅၀)ဦးခန့် တက်ရောက်ခဲ့ကြပြီး ရဲမှူး ၀င်းအောင်မှ မှုခင်းအသိပညာပေး ဟောပြောခြင်း၊ မူးယစ်ဆေးဝါး အန္တရာယ်နှင့် သက်ငယ်မုဒိမ်းမှု မဖြစ်ပွားစေရေး အသိပညာပေး ဟောပြောခြင်း၊ ဒေါ်ဖြိုးမွန်မွန်ထွန်းမှ လူကုန်ကူးမှုတားဆီးကာကွယ်ရေးဆိုင်ရာများ အသိပညာပေး ဟောပြောခဲ့ကြပြီး လက်ကမ်း စာစောင်များအားဖြန့်ဝေပေးအပ်ခဲ့ကြကြောင်း သတင်းရရှိပါသည်။







0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video