Thursday, February 7, 2019

မကွေး၊ ဖေဖေါ်ဝါရီလ ၆ ရက်
၂၀၁၉ ခုနှစ်၊ ဖေဖေါ်ဝါရီလ ၆ ရက်နေ့ ည ၉ နာရီခွဲခန့်တွင် ကံမမြို့မ ရဲစခန်းမှ ဒုရဲအုပ် ယဉ်မေသော် သည် တာဝန်မှူးတာဝန်ဆောင်ရွက် နေစဉ် ကံမမြို့၊ အမှတ်(၃)ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးကျော်ဌေး မှ ဆုတောင်းပြည့်ဘုရားလမ်းတွင် လူတစ်ဦးအရက်မူး၍ ဓါးကိုင် သောင်းကျန်း နေကြောင်း ဖုန်းဖြင့် အကြောင်းကြားချက်အရ ကံမ မြို့မရဲစခန်းမှ နယ်ထိန်းတပ်ဖွဲ့ဝင်များ၊ သက်သေများနှင့်အတူ သွားရောက် ဖမ်းဆီးရာ အဆိုပါလမ်းပေါ်တွင် ကံမမြို့၊ အမှတ်(၃) ရပ်ကွက်နေ စောဝင်းမောင်၊ ၃၄ နှစ်အား အရိုးအသွား (၁)ပေ (၆) လက်မခန့်၊ ဗျက်(၁)လက်မခန့်ရှိ သံခွေးတပ် ဓါးဦးချွန်အား ကိုင်ဆောင်၍ မူးယစ်ရမ်းကား နေသည်ကို တွေ့ရှိရသဖြင့် စောဝင်းမောင်အား ကံမမြို့၊ မြို့မရဲစခန်း(ပ)၁၃/၂၀၁၉၊ လက်နက်ဥပဒေပုဒ်မ ၁၉(င)အရ အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။
 

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video