၂၀၁၉ ခုနှစ်၊ ဖေဖေါ်ဝါရီလ ၃ ရက်နေ့ည
၁၀ နာရီခန့်မှစ၍ မင်းလှမြို့နယ်၊ ရေနံမနယ်မြေရဲစခန်း အပိုင်အတွင်း တရားမ၀င်မွတ်စလင်လူမျိုးများ
ရောက်ရှိနေကြောင်း သတင်းအရ မကွေးတိုင်း ဒေသကြီးရဲတပ်ဖွဲ့၊ မှုခင်းအကူဌာနစိတ်မှ
ဒုရဲမှူး ကျော်သန်းနှင့် ရေနံမနယ်မြေရဲစခန်းမှူး ရဲအုပ် မျိုးမင်းထွန်း ဦးဆောင်သောအဖွဲ့သည်
ပုသိမ်-မုံရွာကားလမ်းပေါ်ရှိ မြို့သစ်ကျေးရွာလမ်းပေါက်တွင် လည်းကောင်း၊ ဒုရဲအုပ်
နေအောင်ဦး ဦးစီးအဖွဲ့သည် မြောက်မျှားကုန်းကျေးရွာလမ်းပေါက်တွင် လည်းကောင်း၊ လက်ပံတံခါးခေတ္တရဲကင်းစခန်းမှူး
ဒုရဲအုပ် သက်နိုင်ဦး ဦးစီးအဖွဲ့သည် ဈေးကြီး ကျေးရွာသွားသည့် လမ်း၏
ဝဲ/ယာလမ်းတစ်ဖက်စီတွင်လည်းကောင်း ကင်းပုန်းဝပ်၍ လည်းကောင်း အသီးသီးစောင့်ဆိုင်းနေခဲ့ပါသည်။
၂၀၁၉ ခုနှစ်၊ ဖေဖေါ်ဝါရီလ ၄ ရက်နေ့နံနက်
၁ နာရီခန့်တွင် မင်းလှမြို့နယ်၊ သက္ကယ်မြောင် ကျေးရွာအနီး မသင်္ကာလူစိမ်းတစ်ဦး
တွေ့ရှိကြောင်း သတင်းအရ သက္ကယ်မြောင်ကျေးရွာ၏ အနောက်တောင်ဘက် တောစပ်အနီးတွင် ကျောက်တော်မြို့နယ်၊
တောင်ထောင်ဟရားကျေးရွာနေ ကိုဆွင်(ခ)ကျော်နိုင်၊ ၁၉ နှစ်ဖြစ်ပြီး အထောက်အထားမဲ့ဝင်ရောက်လာသူဖြစ်ကြောင်း
တွေ့ရှိဖမ်းဆီး ရမိခဲ့ပြီး ၄င်းအား ဆက်လက်စစ်ဆေးရာ ရခိုင်ပြည်နယ်ဘက်မှ ၄င်းအပါအ၀င်
မွတ်စလင်လူမျိုး (၁၁)ဦး ထွက်ခွါလာကြောင်း၊ ၄င်းမှာ ခြေထောက်နာ၍ လမ်းမလျှောက်နိုင်သဖြင့်
မွတ်စလင်လူမျိုး (၁၀)ဦးမှ တောထဲတွင် ထားရစ်ခဲ့ကြောင်း၊ ကား(၂)စီးဖြင့်
လာရောက်ခေါ်ဆောင်မည်ဖြစ် ကြောင်း စစ်ဆေးသိရှိရပြီး နံနက် ၁ နာရီခွဲခန့်တွင် ဒုရဲအုပ်
နေအောင်ဦး ဦးစီးအဖွဲ့မှ ပုသိမ်-မုံရွာကားလမ်း မိုင်တိုင်(၂၄၀)အနီးတွင်
မသင်္ကာဖွယ်ရာကား(၂)စီးမှာ ခေတ္တရပ်တန့်ကာ မင်းတုန်းမြို့နယ်ဘက်သို့
မောင်းနှင်ထွက်သွားကြောင်း သတင်းဆက်ရရှိခဲ့ပါသည်။
မင်းတုန်းမြို့နယ်၊
ကန်လည်တံတားလုံခြုံရေးရဲကင်းမှ ဒုရဲအုပ် ကျော်လွင်ဖြိုး ဦးစီးအဖွဲ့သည် သက်သေများနှင့်အတူ
ပိတ်ဆို့ရှာဖွေစစ်ဆေးခဲ့ရာ နံနက် ၂ နာရီခန့်တွင် ရန်ကုန်တိုင်းဒေသကြီး၊
တာမွေမြို့နယ်၊ ကျိုက္ကဆံလမ်းမကြီးနေ ခင်မောင်ထွန်း၊ ၄၃ နှစ် မောင်းနှင်လာသော
DD/1584 Probox အဖြူရောင်ယာဉ်အား ရပ်တန့်စစ်ဆေးစဉ် နောက်မှ ပါလာသော 1Q/8551 Hijet
အဖြူရောင် မော်တော်ယာဉ်မှာ ကန်လည်တံတားမောင်းတံအား ၀င်တိုက်ကာ ထွက်ပြေးသွားခဲ့
သဖြင့် လိုက်လံဖမ်းဆီးခဲ့ပါသည်။
1Q/8551 မော်တော်ယာဉ်အား
ပုသိမ်-မုံရွာကားလမ်း မိုင်တိုင်အမှတ်(၂၀၂/၅)နှင့် (၂၀၂/၆)အကြား
မဲဇလီကျေးရွာအနီးတွင် ဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းမှာ တာမွေမြို့နယ်၊
(ခ)ရပ်ကွက်နေ မောင်ညို (ခ)ရဲထွန်းလွင်၊ ၄၅ နှစ် ဖြစ်ပြီး ခင်မောင်ထွန်းမှ
ရှေ့ပြေးလမ်းပြကာ အထောက်အထားမဲ့မွတ်စလင် (၁၀)ဦးအား တင်ဆောင်လာကြောင်းနှင့်
ကန်လည်တံတားတွင် စစ်ဆေးနေသည်ကို တွေ့ရ၍ ကြောက်လန့်ကာ ထွက်ပြေးပြီး
မွတ်စလင်(၁၀)ဦးအား လမ်းဘေးတစ်နေရာတွင် ချထားခဲ့ကြောင်း ထွက်ဆိုခဲ့ပါသည်။
မင်းတုန်းမြို့နယ်ရဲတပ်ဖွဲ့မှူး
ရဲမှူး မြင့်မောင် ဦးစီးအဖွဲ့သည် သက်သေများနှင့်အတူ တောနင်းရှာဖွေ ခဲ့ရာ နံနက် ၎
နာရီခွဲခန့်တွင် ကျီးကန် ကျေးရွာအနီး ပုသိမ်-မုံရွာကားလမ်း၊ မိုင်တိုင်အမှတ်
(၂၀၆/၅)နှင့် (၂၀၆/၆)ကြား ကားလမ်း၏အနောက်ဘက်(၁)ဖာလုံခန့်အကွာ လျှိုထဲတွင်
ကျောက်တော်မြို့နယ်၊ တောင်ထောင်ဟရားကျေးရွာနေ မိုမွတ်ရော်ဖိ(ခ)မောင်လှ၊ ၂၈ နှစ်ပါ
မွတ်စလင်(၁၀)ဦးအား အထောက်အထားမဲ့ ၀င်ရောက်လာသည်ကို တွေ့ရှိဖမ်းဆီးရမိခဲ့ပါသည်။
ဖမ်းဆီးရမိခဲ့သည့်
ယာဉ်မောင်း(၂)ဦးနှင့် အထောက်အထားမဲ့မွတ်စလင်(၁၁)ဦးတို့အား မြို့နယ် လ၀ကနှင့်
ပူးပေါင်း၍ ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားရန် စီစဉ်လျက်ရှိကြောင်း သတင်း
ရရှိပါသည်။
0 comments:
Post a Comment