၂၀၁၉ ခုနှစ်၊ ဖေဖေါ်ဝါရီလ ၃ ရက်နေ့
နေ့လည် ၁ နာရီမှ ညနေ ၃ နာရီခန့်အထိ ဂန့်ဂေါမြို့နယ် ရဲတပ်ဖွဲ့မှူး ယာယီရဲမှူး
စိုးမိုးကျော် ဦးဆောင်သောအဖွဲ့သည် ဂန့်ဂေါမြို့နယ်၊ ဟံသာဝတီကျေးရွာ အခြေခံပညာအထက်တန်းကျောင်း ခန်းမတွင် မူးယစ်ဆေးဝါးအန္တရာယ်တားဆီး
ကာကွယ်ရေးနှင့် သက်ငယ်မုဒိမ်းမှုကျဆင်းရေး အသိပညာပေးဟောပြောပွဲ အခမ်းအနား ကျင်းပပြုလုပ်ခဲ့ရာ
အခမ်း အနားသို့ ကျောင်းအုပ်ဆရာကြီး ဦးစိုးဝင်းကြည်နှင့် ဆရာ/ဆရာမများ၊
ကျေးလက်ကျန်းမာရေးမှူး ဦးတင်ဝင်းနှင့်အဖွဲ့၊ ကျေးရွာအုပ်ချုပ်ရေးမှူး
ဦးသန်းညွန့်နှင့် ရွာသူ/ရွာသားများ၊ အရန်မီးသတ် တပ်စုမှူး ဦးဖိုးရှုပ်နှင့်အဖွဲ့တို့
တက်ရောက်ခဲ့ကြပြီး သက်ငယ်မုဒိမ်းမှု ကျဆင်းရေး၊ မူးယစ်ဆေးဝါး သုံးစွဲမှုပပျောက်ရေးနှင့်
မီးဘေးအန္တရာယ်ကင်းဝေးရေးတို့အတွက် အသိပညာပေးဟောပြောခြင်းများ နှင့်
မှုခင်းကျဆင်းရေး အသိပညာပေး လက်ကမ်းစာစောင်များအား ဖြန့်ဝေပေးအပ်ခဲ့ပါကြောင်း သိရှိရပါသည်။
ဆက်လက်၍ ၂၀၁၉ ခုနှစ်၊ ဖေဖေါ်ဝါရီလ ၃ ရက်နေ့ နေ့လည် ၁
နာရီခန့်မှ ၂ နာရီခန့်အထိ ထီးလင်း မြို့နယ်၊ ဆေးမင်းတောနယ်မြေရဲစခန်းမှ ရဲအုပ် အောင်ကျော်ဝင်း
ဦးစီးတပ်ဖွဲ့ဝင်များသည်လည်း တောမကျေးရွာ အုပ်ချုပ်ရေး မှူးရုံးတွင် မှုခင်းများကျဆင်းရေး၊
သက်ငယ်မုဒိမ်းမှု လျော့နည်းကျဆင်း ရေး၊ မူးယစ်ဆေးဝါးအန္တရာယ် အသိပညာ ပေးဟောပြောခြင်း၊
သစ်တောဥပဒေနှင့် ပတ်သက်သည့် ပြစ်မှုနှင့် ပြစ်ဒဏ်များအကြောင်း ယာဉ်စည်းကမ်း/ လမ်းစည်းကမ်း၊
မီးဘေးအန္တရာယ်ကြိုတင် ကာကွယ်ရေး အသိပညာပေးဟောပြောခြင်းများအား ဆောင်ရွက်ခဲ့ကြပြီး အသိပညာပေးလက်ကမ်း
စာစောင်များအား ဖြန့်ဝေပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
0 comments:
Post a Comment