Friday, January 25, 2019


၂၀၁၉ ခုနှစ်၊ ဇန်န၀ါရီလ ၂၄ ရက်နေ့တွင် ရေနံမနယ်မြေရဲစခန်းပိုင်အတွင်း တရားမ၀င် မွတ်စလင် လူမျိုးများ ၀င်ရောက်လာနိုင်သဖြင့် မင်းလှမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ထင်အောင်လင်း၏ ကြီးကြပ်မှု ဖြင့် အဖွဲ့များအသီးသီးခွဲ၍ ပိတ်ဆို့စစ်ဆေးဆောင်ရွက်ခြင်း၊ အမာခံသတင်းပေးများ၊ ကျေးရွာ အုပ်ချုပ်ရေးမှူး များဖြင့် ချိတ်ဆက်၍ သတင်းရယူခြင်များ ဆောင်ရွက်ခဲ့ရာ နေ့လည် ၁၂ နာရီခွဲခန့်၌ လှေ့စဉ်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးစိန်ဝင်းမှ လှေ့စဉ်ကျေးရွာအုပ်စု၊ ကျေက်ထပ်ကျေးရွာ အနောက်တောင်ဘက်(၁)မိုင်ခန့် အကွာ တောထဲတွင် မသင်္ကာလူစိမ်းများ တွေ့ရှိကြောင်း သတင်း ပေးချက်အရ ပိတ်ဆို့စစ်ဆေးရေး အဖွဲ့ များအနက် ရွှေချောင်းရဲကင်းမှူး ဒုရဲအုပ် တင်အောင်စန်း ဦးစီး အဖွဲ့မှ သက်သေများနှင့်အတူ သွားရောက် စစ်ဆေးခဲ့ရာ မြောက်ဦးမြို့နယ်၊ ပေါင်းတုတ်ကျေးရွာနေ နိုဟာဆွင်း(ခ)ရွှေလှမောင်၊ ၂၀ နှစ်ပါ(၄)ဦးတို့အား အထောက်အထားမဲ့ ၀င်ရောက်လာသည်ကို တွေ့ရှိဖမ်းဆီးရမိခဲ့ပြီး ဖမ်းဆီးရမိသော ခိုးဝင်မွတ်စလင်လူမျိုး များအား မြို့နယ်လူဝင်မှုကြီးကြပ်ရေး နှင့် ပူးပေါင်းစစ်ဆေး၍ မှတ်ပုံတင်အက်ဥပဒေအရ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video