Friday, January 25, 2019


၂၀၁၉ ခုနှစ်၊ ဇန်န၀ါရီလ ၂၃ ရက်နေ့ နေ့လည် ၁၂ နာရီခန့်မှ ၁ နာရီခွဲခန့်အထိ ထီးလင်းမြို့မ ရဲစခန်းမှူး ဒုရဲမှူး ခင်မောင်လွင် ဦးစီးတပ်ဖွဲ့ဝင်များ၊ ထီးလင်းမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဌာနမှ ဦးစီးမှူး ဦးကျော်မြင့် တို့ပါဝင်သောပူးပေါင်းအဖွဲ့သည် ထီးလင်းမြို့နယ်၊ အလယ်ဘန်းကျေးရွာ အုပ်ချုပ်ရေး မှူးရုံး၌ ပြည်သူများအား သက်ငယ်မုဒိမ်းမှုများ မဖြစ်ပွားစေရေး၊ လူမှောင်ခို/လူကုန်ကူးမှုများ မခံရစေရေး မှုခင်းအသိပညာပေးဟောပြောခြင်း၊ မူးယစ်ဆေးဝါး အန္တရာယ်နှင့် ဆိုးကျိုးများအကြောင်း အသိပညာပေး ဟောပြောခြင်းနှင့် လက်ကမ်းစာစောင်များအား ဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။





0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video