၃၀.၆.၂၀၁၆ ရက်နေ့ ည (၈)နာရီ (၁၀)မိနစ် အချိန်ခန့် မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ်၊ ပဒါန်းရဲကင်းစခန်းမှ ရဲတပ်ဖွဲ့ဝင်များ၊ ငဖဲမြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များ၊ မင်းဘူးခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှ ရဲတပ်ဖွဲ့ဝင်များ၊ ငဖဲမြို့နယ် သစ်တောဦးစီးဌာနမှ ၀န်ထမ်းများ ပူးပေါင်းအဖွဲ့သည် သတင်းအရ သက်သေများနှင့်အတူ ငဖဲမြို့နယ်၊ ပဒါန်းကျေးရွာ၊ ပုသိမ်-မုံရွှာ ကားလမ်း မိုင်တိုင်အမှတ် ၂၆၃ အနီး စောင့်ဆိုင်းနေစဉ် မင်းတုန်းမြို့ဘက်မှ ပဒါန်းကျေးရွာဘက်သို့ မင်းတုန်းမြို့၊ အမှတ်(၄) ရပ်ကွက်နေသူ ဆလိုင်းဖယ် (၃၈)နှစ် မောင်းနှင်လာသော ၅၁ယ/×××× KENBO 110 အနက်ရောင် ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရာ ၄င်းလွယ်ထားသော လွယ်အိတ်အတွင်းနှင့် ဆိုင်ကယ်နောက်တွင် တင်ဆောင်လာသော ပီနံအိတ်အတွင်းတို့မှ ပြောင်ဦးချို (၈)ခု (၄)ပိသာ (၈၀) ကျပ်သား၊ ဖြူဆူး (၇)စည်း (၂၅) ကျပ်သား၊ ကြောင်ရိုး (၂၅)ကျပ်သား၊ မျောက်ညို လက်သည်း (၁၅)ခု၊ ပြောင်သည်းခြေ (၁)ခု၊ ချိန်ခွင်(၁)ခု၊ ငွေစက္ကူ ရောရာ ၃၄၇၇၀၀ိ/-နှင့် ဆိုင်ကယ်(၁)စီး တို့အား သိမ်းဆည်း ရမိခဲ့၍ ဆလိုင်းဖယ်အား ငဖဲမြို့နယ်၊ မြို့မရဲစခန်း(ပ) ၁၆၆/၂၀၁၆၊ တောရိုင်းတိရိစ္ဆာန်များနှင့် သဘာဝ အပင်များ ကာကွယ်ရေး၊ သဘာဝနယ်မြေများ ထိန်းသိမ်းရေး ဥပဒေပုဒ်မ ၃၆(က)/၃၇(က) အရ အမှုရေးဖွင့်ဆောင်ရွက်ထားရှိကြောင်း သတင်း ရရှိပါသည်။
Friday, July 1, 2016
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment