၂၀၁၆ ခုနှစ်၊ ဇူလိုင်လ ၁ ရက်
၃၀.၆.၂၀၁၆ ရက်နေ့ ညနေ (၄)နာရီခွဲအချိန်ခန့် ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်၊ ကဇွန်းမနယ်မြေ ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် အိုင်ကြီးကျေးရွာအနီး၊ ဆော-ဆိပ်ဖြူကားလမ်း၊ မိုင်တိုင် အမှတ် ၄၁/၅ နှင့် ၄၁/၆ အကြားတွင် ယာဉ်တိမ်းမှောက်မှု ဖြစ်ပွားကြောင်းသတင်းအရ သက်သေများ နှင့်အတူ သွားရောက် စစ်ဆေးရာ ဆောမြို့ဘက်မှ ကဇွန်းမဘက်သို့ ကဇွန်းမကျေးရွာနေသူ ယာဉ်မောင်း သိန်းသန်းဖြိုးပိုင် (ခ)ငပိုင် (၂၄)နှစ် မောင်းနှင်လာသော ဈ/×××× GMC(၆)ဘီး ယာဉ်သည် ၀ါး (၅၀၀)လုံးခန့်နှင့် ၀ါးခုတ် အလုပ်သမား (၄၀)ဦးခန့်အား တင်ဆောင် မောင်းနှင်လာစဉ် ဘရိတ်ပေါက် ကာ အရှိန်မထိန်းနိုင်ဘဲ လမ်း၏ယာဘက်သို့ ထိုးကျတိမ်းမှောက်ခဲ့ရာ ယာဉ်ပေါ်ပါ လူ(၄၀)ဦးအနက် ကျား (၁၂)ဦး၊ မ(၁၁)ဦး၊ စုစုပေါင်း(၂၃)ဦးတို့တွင် ဒဏ်ရာများ အသီးသီး ရရှိခဲ့သဖြင့် ယာဉ်မဆင်မခြင် မောင်းနှင်သူ သိန်းသန်းဖြိုးပိုင်(ခ) ငပိုင်အား ဆိပ်ဖြူမြို့နယ်၊ ကဇွန်းမနယ်မြေရဲစခန်း ယာဉ်(ပ) ၈/၂၀၁၆၊ ရာဇသတ်ကြီးပုဒ်မ ၃၃၈/၃၃၇ အရ အမှုရေးဖွင့် ဆောင်ရွက်ထားရှိကြောင်း သတင်းရရှိ ပါသည်။
0 comments:
Post a Comment