၂၀၁၆ ခုနှစ်၊ ဇူလိုင်လ ၉ ရက်
၂၀၁၆ ခုနှစ်၊ ဇူလိုင်လ ၉ ရက်နေ့ နံနက် ၁၁၃၀ အချိန်တွင် ဂန့်ဂေါခရိုင် မှုခင်း နှိမ်နင်းရေးဌာနစိတ်မှ ရဲအုပ် လှအေးနှင့်အဖွဲ့၊ ဂန့်ဂေါမြို့မရဲစခန်းမှ ရဲအုပ် မျိုးမင်းဝင်းနှင့်အဖွဲ့တို့သည် သက်သေ များနှင့် အတူ မူးယစ်ဆေးဝါးသတင်းအရ ဂန့်ဂေါမြို့နယ်၊ ထယ်လှော်ကျေးရွာအနီး ကလေး-ဂန့်ဂေါ ကားလမ်း မိုင်တိုင်အမှတ်(၈/၇) နှင့် (၉/၀) အကြားတွင် စောင့်ဆိုင်းနေခဲ့ကြောင်း သိရသည်။
ထိုသို့စောင့်ဆိုင်းနေစဉ် မူးယစ်ဆေးဝါးလာရောက်ရောင်းချသော ဂန့်ဂေါမြို့နယ်၊ ဘော်ပြင်းကျေးရွာ နေ တင်ဇော်ထွေး(၃၂)နှစ်၊ တစ်ရွာတည်းနေ သားစိုး(၂၅)နှစ်၊ ဂန့်ဂေါမြို့၊ မိုးကောင်းရပ်ကွက်နေ ထွေးကို (၃၁)နှစ်၊ ဂန့်ဂေါမြို့နယ်၊ မွေ့လယ် ကျေးရွာနေ မင်းဇော်ထွေး (၂၈)နှစ်၊ ဂန့်ဂေါမြို့နယ်၊ ကန်သာကျေးရွာနေ မလှစန္ဒာ (၃၆)နှစ်နှင့် ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်၊ လောင်ခွားကျေးရွာနေ မတီအဲအေး (ခ)တဲလ်အီ(ခ) ဟန်ဒတီလ်၊ ၃၂နှစ်တို့ (၆)ဦးအားတွေ့ရှိ၍ ရှာဖွေစစ်ဆေးနေစဉ် သားစိုးမှာ ထွက်ပြေးလွတ်မြောက် သွားကြောင်း သိရှိရသည်။
မတီအဲအေး(ခ)တဲလ်အီ(ခ)ဟန်ဒတီလ်ထံမှ ဘိန်းဖြူဟုယူဆရသော ဖြူ/ဝါရောင် အမှုန့်(၁၃) ဂရမ် ခန့်စီပါ ပလပ်စတစ်အိတ်ပိတ်လျှက်ထည့်ထားသည့် Love is Flower တံဆိပ်ပါ ဆပ်ပြာခွက် အပြာ ရောင်(၁)ခု၊ အနီရောင်(၂)ခု၊ ပေါင်း (၃)ခုတွင် စုစုပေါင်း (၃၉)ဂရမ်ခန့်၊ (၁)ဂရမ်(၈၀,၀၀၀ိ/-) နှုန်း ဖြင့် ကာလတန်ဘိုး (၃,၁၂၀,၀၀၀ိ/-)ခန့်၊ ဆင်းကဒ်(၂)ခုပါ HUAWEI အမျိုးအစား လက်ကိုင်ဖုန်း (၁)လုံး၊ အလေးချိန်(၂)ပဲ (၁) ရွေး၊ တစ်ခြမ်းလျော့၊ D ပုံစံ ရွှေဟုယူဆရသော နားကပ်(၁)ရံ၊ ထွေးကိုထံမှ GENUINE စာသားပါ သားရေအနက်ရောင် ခေါက်ပိုက်ဆံအိတ်အတွင်းမှ ငွေစက္ကူ ရောရာ (၆၇,၀၀၀ိ/-)၊ ထွေးကို အမည် ပါ နိုင်ငံသားစိစစ်ရေးကဒ်(၁)ခု၊ အရိုးအသွား (၁၀)လက်မခန့်၊ သံဓါးအိမ်ပါ တုတ်ဓါး(၁)ချောင်း၊ ဆင်းကဒ်ပါ HUAWEI အမျိုးအစား လက်ကိုင်ဖုန်း(၁)လုံး၊ RAY-Z အမျိုးအစား နံပါတ်မပါ ကလစ်ဘီးအစိမ်းရောင် ဆိုင်ကယ် (၁)စီး၊ မင်းဇော်ထွေးထံမှ အလေးချိန် (၁)ရွေး(၁)ခြမ်းခန့်ရှိ အဖြူရောင်ကျောက်တစ်လုံး ပါ ရွှေဟု ယူဆရသော နားကပ်(၁)ဖက်၊ ငွေစက္ကူ ရောရာ(၁,၇၀ဝိ/-)၊ အရိုးအသွား(၇)လက်မခန့်ရှိ စတီးဓါး(၁)ချောင်း၊ KENBO အမျိုးအစား နံပါတ်မပါ နီ/ နက်ကြား ၁၂၅ ဆိုင်ကယ်(၁)စီး၊ တင်ဇော်ထွေးထံမှ ဆင်းကဒ်ပါ HELLO အဝါရောင် လက်ကိုင် ဖုန်း(၁)လုံး၊ ၃၂ယ/၁၃၁၄၉ နံပါတ်ပါ HERO ANBO 125 အနက်ရောင် ဆိုင်ကယ် (၁)စီး၊ မလှစန္ဒာ ထံမှအလေးချိန်(၅)မူးသားခန့်ရှိ ရွှေဟုယူဆရသော ဆွဲကြိုး(၁)ကုံးနှင့်အသည်းပုံ ဆွဲပြား (၁)ခု၊ အလေးချိန်(၁)ပဲ(၁)ခြမ်းလျော့ ရွှေဟုယူဆရသော အသည်းပုံနားကပ်(၁)ရံ၊ ဆင်းကဒ်ပါ HUAWEI အမျိုးအစား လက်ကိုင်ဖုန်း(၁)လုံး၊ XINANBO အမျိုးအစားနံပါတ်မပါ CZI 125 အနီရောင် ဆိုင် ကယ်(၁)စီးတို့အား ရှာဖွေတွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သိရှိရသည်။
ဖြစ်စဉ်နှင့်ပတ်သက်၍ မူးယစ်ဆေးဝါးများအား လက်ဝယ်ထားရှိပြီး ရောင်းဝယ်မှု ပြုလုပ် သူများဖြစ်သည့် မင်းဇော်ထွေး၊ ထွေးကို၊ တင်ဇော်ထွေး၊ မတီအဲအေး (ခ) တဲလ်အီ(ခ)ဟန်ဒတီလ်၊ လှစန္ဒာနှင့် သားစိုး တို့(၆)ဦးအား ဂန့်ဂေါမြို့နယ်၊ ဂန့်ဂေါမြို့မရဲစခန်း မူးယစ်(ပ)၃/၂၀၁၆၊ မူးယစ် ဆေးဝါးနှင့်စိတ်ကိုပြောင်း လဲစေသော ဆေးဝါးများဆိုင်ရာဥပဒေပုဒ်မ ၁၅/၁၉(က)/၂၁/၂၂(ခ)ဖြင့် အမှုရေးဖွင့်ပြီး အမှုစစ် ဒုရဲအုပ် မျိုးဇေမြင့်မှ စစ်ဆေးဆောင်ရွက်လျှက်ရှိကြောင်း သတင်းရရှိပါသည်။

0 comments:
Post a Comment