၂၀၁၆ ခုနှစ်၊ ဇူလိုင်လ ၁၂ ရက်
၂၀၁၆ ခုနှစ်၊ ဇူလိုင်လ၁၂ ရက်နေ့ ၁၂၀၅ အချိန်မှ ၁၅၃၀ အချိန်ထိ မကွေးခရိုင်၊ နတ်မောက်မြို့နယ်၊ ထုံးပေါက်ချိုင်းအုပ်စု၊ ညောင်ကုန်းကျေးရွာ ကျေးလက်ဆေးပေးခန်းသို့ နတ်မောက်မြို့နယ်အုပ်ချုပ် ရေးမှူး ဦးကျော်မျိုးထွန်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး သန်းချိုနှင့်ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်ကျန်းမာရေး ဦးစီးမှူး ဒေါက် တာ အောင်ကိုကိုနှင့်အဖွဲ့တို့မှသွားရောက်၍ ဆေးဝါးကုသနိုင်ရေးအတွက် မြို့နယ် ရဲတပ်ဖွဲ့မှူးနှင့်အဖွဲ့မှ အလှူငွေ ၅၀၀၀၀ိ/- ၊ မြို့နယ်ကြက်ခြေနီအသင်းမှ ၅၀၀၀၀ိ/- ၊ ဒေါက်တာ အောင်ကိုကှိုနှင့်အဖွဲ့မှ ၁၀၀၀၀၀ိ/- ၊ စုစုပေါင်း ၂၀၀၀၀၀ိ/- ဖြင့် လိုအပ်သည့် ဆေးဝါးနှင့် ဓါတ်ဆား များဝယ်ယူကာ ကျေးရွာ မှ ဆေး စစ်ဆေးရန်လာရောက်ပြသသူ ၁၀၅ ဦးအား ကျန်းမာရေး စစ်ဆေး ခြင်း၊ ကုသမှုများပြုလုပ်ပေးခြင်း၊ ကျန်း မာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ခြင်းနှင့် အသိပညာ ပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါ သည်။

0 comments:
Post a Comment