Friday, March 20, 2015

၂၀၁၅ ခုနှစ်၊ မတ်လ ၁၉ ရက်နေ့ နံနက် (၁၀း၄၅) အချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ်၊ ဆတ်သွားကျေးရွာ၊ အမှတ်(၄)တိုးချဲ့ ရပ်ကွက်နေ ဦးမြင့်နိုင်(၆၄)နှစ် ထံသို့ ဆတ်သွားကျေးရွာ၊ အမှတ်(၅)ရပ်ကွက်နေသူ အောင်မင်းမင်း (၂၁) နှစ် ရောက်ရှိလာပြီး အလေးချိန် ၄ ပဲ၊ ၆ ရွေးခန့်ရှိ လက်ကောက် တစ်ကွင်းလာရောက် ပေါင်နှံသဖြင့် ရွှေထည်စစ်/မစစ် မှတ်ကျောက် တိုက်စစ်ဆေးရာ ရွှေထည်အတုဖြစ်နေသည်ကို စစ်ဆေးတွေ့ရှိရကြောင်း၊
ရွှေထည်အတုအား လိမ်လည် ပေါင်နှံသူ အောင်မင်းမင်း အား အရေးယူပေးရန် ဦးမြင့်နိုင်မှ တရားလိုပြုလုပ် တိုင်တန်းသဖြင့် တောင်တွင်းကြီးမြို့နယ်၊ ဆတ်သွားနယ်မြေရဲစခန်း (ပ)၃၉/၂၀၁၅၊ ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၄၂၀ အရ အမှုဖွင့် အရေးယူမှု ဆောင်ရွက်လျှက်ရှိကြောင်း သတင်းရရှိပါသည်။
 

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video