၂၀၁၅ ခုနှစ်၊ မတ်လ ၁၉ ရက်နေ့ နံနက်(၁၀း၄၅) အချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းတုန်းမြို့နယ်၊ အလယ်ချောင်း နယ်မြေရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် သရက်-မင်းတုန်း ကားလမ်း ပေါ်တွင် ယာဉ်တိမ်းမှောက်ကြောင်း သတင်းအရ သွားရောက်စစ်ဆေးခဲ့ကြောင်း၊
စစ်ဆေးချက်အရ သရက်-မင်းတုန်း ကားလမ်းအတိုင်း သရက်မြို့ဘက်မှ မင်းတုန်းမြို့ဘက်သို့ မင်းတုန်းမြို့နယ်၊ ပေါက်ကိုင်း(အနောက်)ရွာ နေသူ ဦးစိန်သောင်း (၅၂)နှစ် သည် အရက်သောက်စား မူးယစ်ကာ ၃၀ယ/xxxx AGUO ၁၁၀ နီနက်ကြား ဆိုင်ကယ်အား တစ်ဦးတည်း မောင်းနှင်လာစဉ် မိုင်တိုင်အမှတ် ၃၁/၇ နှင့် ၃၂/၀ အကြား အရောက်တွင် အရှိန်မထိန်းနိုင်ဘဲ လမ်းယာဘက်သို့ တိမ်းမှောက် ခဲ့ရာ ဦးစိန်သောင်းမှာ ယာဘက်နားထင် ဖူးရောင်ဒဏ်ရာဖြင့် သေဆုံးသွားခဲ့ကြာင်း၊
ယာဉ်မဆင်မခြင် မောင်းနှင်သူ ဦးစိန်သောင်းအား မင်းတုန်းမြို့နယ်၊ အလယ်ချောင်းနယ်မြေ ရဲစခန်း ယာဉ်(ပ) ၁/၂၀၁၅၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၀၄-က အရ အမှုဖွင့်အရေးယူ ဆောင်ရွက် လျှက် ရှိကြောင်း သတင်းရရှိ ပါသည်။

0 comments:
Post a Comment