၂၀၁၅ ခုနှစ်၊ မတ်လ ၁၉ ရက်နေ့ နေ့လယ် ၁၂ နာရီခွဲ အချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးမြို့၊ ရန်ဝေးရပ်ကွက်၊ မဲထီးလမ်း၊ အမှတ် ၁၅/၁၆နေသူ ““အောင်မင်္ဂလာ”” စက်ပစ္စည်း အရောင်းဆိုင်ပိုင်ရှင် ဦးစန်းမြင့် (၆၃)နှစ် သည် ၎င်းပိုင် 1F^1859 TOYOTA BELTA SCP 92 SALOON (4_2)(R) (အင်ဂျင်အမှတ်၊ ၂၂၄၉၀၃၅၊ ဘောင်အမှတ်၊ SCP 92 1051796) ယာဉ်ဖြင့် သံဃာရာမ ဘုန်းကြီးကျောင်းသို့ ဆွမ်းပို့ရာမှပြန်လာပြီး မဲထီးလမ်း၊ အမှတ် ၂၅/၂၆ ရှိ ““အောင်မင်္ဂလာ”” တွင်ခုံရှေ့တွင် ကားအား သော့တန်းလန်းဖြင့် ရပ်ထားကာ နေအိမ် အပေါ်ထပ်တွင် အိပ်နေခဲ့ကြောင်း၊
ညနေ ၄ နာရီခွဲအချိန်ခန့်တွင် ရပ်ထားသောကားအား ကြည့်ရှုရာ တွေ့ရှိခြင်း မရှိတော့ဘဲ ပျောက် ဆုံးနေကြောင်း သိရှိရသဖြင့် ရဲစခန်းသို့ အကြောင်းကြားခဲ့ပြီး စုံစမ်းရှာဖွေ ခဲ့ကြစဉ် ညနေ ၅ နာရီအချိန်ခန့်၌ မကွေးမြို့၊ အောင်မေတ္တာ(အေ)ရပ်ကွက်၊ ၆ လမ်းတွင် မင်းဘူး(စကု)မြို့နယ်၊ အောင်ချမ်းသာရပ်ကွက်နေသူ ရဲထက်ကျော် (၁၉)နှစ်နှင့်အတူ အဆိုပါ ပျောက်ဆုံးနေသော ကားအား တွေ့ရှိခဲ့ကြောင်း၊
0 comments:
Post a Comment