၂၀၁၅ ခုနှစ်၊ မတ်လ ၁၇ ရက်နေ့ နေ့လည် (၁) နာရီအချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်၊ မြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် ပွင့်ဖြူမြို့နယ်၊ ရှောက်တောကျေးရွာ အထက်တန်းကျောင်း စာစစ်ဌာနတွင် လုံခြုံရေးတာဝန် ဆောင်ရွက်နေစဉ် စလင်း-ပွင့်ဖြူသွား ကားလမ်းမပေါ်၊ မိုင်တိုင် အမှတ် (၂၅)ရှိ လက်ပနွယ်ရွာသွား လမ်းခွဲအနီးတွင် သစ်ကိုင်းကျိုးကျ၍ ဆိုင်ကယ် စီးနင်းသူ ဒဏ်ရာရရှိကြောင်း သတင်းအရ သက်သေများနှင့်အတူ သွားရောက် စစ်ဆေးခဲ့ကြောင်း၊
စစ်ဆေးချက်အရ စလင်း-ပွင့်ဖြူကားလမ်းအတိုင်း ပွင့်ဖြူဘက်မှ စလင်းဘက်သို့ ပွင့်ဖြူမြို့နယ်၊ ဥယျာဉ် ကျစ်အုပ်စု၊ ရှောက်တော ကျေးရွာနေသူ နိုင်လင်း(၃၈)နှစ် မောင်းနှင်ပြီး ဇနီးဖြစ်သူ မကြူမာ(၃၇)နှစ် နောက် မှ စီးနင်း လိုက်ပါ လာသော မက/xxxxx LUOJIA -110 အနက်ရောင် ဆိုင်ကယ်သည် မိုင်တိုင်အမှတ် (၂၅)အနီး လက်ပနွယ်ရွာသွား လမ်းခွဲအရောက်တွင် လမ်း၏ ယာဘက် ဘေးရှိ ကင်ပွန်းခါးပင်၏ လုံးပတ် (၁၈)လက်မခန့်၊ အရှည်(၂၀)ပေခန့်ရှိ သစ်ကိုင်းပဲ့ကျရာ နိုင်လင်းနှင့် မကြူမာတို့အပေါ် ပြုတ်ကျခဲ့ သဖြင့် နိုင်လင်း တွင် ဦးခေါင်းနောက်စေ့ ဖူးရောင်ဒဏ်ရာ၊ နှာခေါင်းသွေးထွက် ဒဏ်ရာများနှင့် မကြူမာတွင် ဦးခေါင်းနောက်စေ့ ပေါက်ပြဲဒဏ်ရာတို့ တို့ရရှိ ခဲ့သဖြင့် ၄င်းတို့နှစ်ဦးအား မင်းဘူးခရိုင်ဆေးရုံသို့ တင်ပို့ ကုသစဉ် နိုင်လင်းမှာ သေဆုံးသွားခဲ့ကြောင်း သိရှိရရပြီး ၄င်းသေဆုံးခြင်းမှာ ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ်/ မဟုတ် သိရှိနိုင်ရန် ပွင့်ဖြူမြို့နယ်၊ မြို့မရဲစခန်း သေမှုသေခင်း အမှတ်စဉ် ၁/၂၀၁၅ အရ ရေးဖွင့်ဆောင်ရွက် လျက်ရှိကြောင်း သတင်း ရရှိပါသည်။

0 comments:
Post a Comment