၂၀၁၅ ခုနှစ်၊ မတ်လ ၁၇ ရက်နေ့ နေ့လည် (၁၂) နာရီခွဲအချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါ ခရိုင်၊ ဆောမြို့နယ်၊ ကျောက်ထု၊ ဂုံဘိုရပ်ကွက်၏ အရှေ့မြောက်ဘက်ရှိ ကွင်းအမှတ် (၆၅)တွင် ဂုံဘိုရပ်နေ တောင်သူများဖြစ်ကြသော ဒေါ်တင်မေ၊ ဦးကြည်ဆန်း၊ ဦးအောင်နေလင်း၊ ဦးသန်းဖေ၊ ဦးဘိုဝင်းနှင့် ဦးဝိုင်းယာတို့ မှ နွားကျွေးရန် စုပုံထားသော ကောက်ရိုးပုံ (၆)ပုံအား တစ်ရပ်ကွက် တည်းနေသူ ဇော်မျိုးနိုင် (၂၆)နှစ် မှ မီးရှို့ ဖျက်စီးခဲ့ရာ တန်ဖိုး ၁၅၀၀၀၀ိ/-ဆုံးရှုံးခဲ့သဖြင့် ဇော်မျိုးနိုင် အား ဆောမြို့နယ်၊ ကျောက်ထုနယ်မြေ ရဲစခန်း (ပ)၁၅/၂၀၁၅၊ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၄၃၅ အရ အမှုရေးဖွင့် ဆောင်ရွက်လျှက်ရှိ ကြောင်း သတင်းရရှိပါသည်။
Wednesday, March 18, 2015
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment