Wednesday, March 18, 2015

၂၀၁၅ ခုနှစ်၊ မတ်လ ၁၇ ရက်နေ့ ည (၁၀) နာရီခွဲအချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ သရက် ခရိုင်၊ အောင်လံမြို့၊ ကန်ကြီးရပ်ကွက်၊ ပြည်လမ်းပေါ်တွင် ယာဉ်တိုက်မှု ဖြစ်ပွားကြောင်း သတင်းရရှိပါ သည်။
ဖြစ်စဉ်မှာ မကွေး-ပြည်ကားလမ်းအတိုင်း မကွေးဘက်မှ ပြည်ဘက်သို့ ပြည်မြို့၊ လျှပ်စစ်ရုံးဝန်းနေသူ ယာဉ်မောင်း ဦးကျော်မောင် (၆၂)နှစ် မောင်းနှင်သော F/xxxx Pickup အဖြူရောင်ယာဉ်သည် ကန်ကြီးရပ်ကွက်၊ ပြည်လမ်းပေါ်၊ (၇) လမ်းနှင့် (၈)လမ်းကြား၊ ရွှေနန်းတော် တည်းခိုးခန်းရှေ့တွင် အရှိန် မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်း အုတ်ခုံအား ၀င်ရောက်တိုက်မိ ခဲ့ကြောင်း၊ ယာဉ်ပေါ်ပါ ခရီးသည် များ ထိခိုက်ဒဏ်ရာ ရရှိမှု မရှိကြောင်း သိရှိရပါသည်။ 
ယာဉ်မဆင်မခြင် မောင်းနှင်သူ ဦးကျော်မောင် အား အောင်လံမြို့နယ်၊ မြို့မရဲစခန်း ယာဉ်(ပ) ၁၇/၂၀၁၅ ပြစ်မှုပုဒ်မ ၂၇၉ အရ အမှုဖွင့်အရေးယူမှု ဆောင်ရွက်လျှက်ရှိကြောင်း သတင်းရရှိပါသည်။

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video