Wednesday, March 18, 2015

၂၀၁၅ ခုနှစ်၊ မတ်လ ၁၇ ရက်နေ့ နေ့လယ်(၁၃း၂၅) အချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင် ယာဉ်ထိန်းရဲတပ်ဖွဲ့စိတ်မှ ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များသည် ပခုက္ကူမြို့နယ်၊ ရွှေချောင်းကျေးရွာ အနီး ပခုက္ကူ-ကျွဲတဲ ကားလမ်းပေါ်တွင် ယာဉ်တိုက်မှု ဖြစ်ပွားကြောင်းသတင်းအရ သက်သေများနှင့် အတူ သွားရောက် စစ်ဆေးခဲ့ကြောင်း၊ 
စစ်ဆေးချက်အရ အဆိုပါလမ်းအတိုင်း ကျွဲတဲကျေးရွာဘက်မှ ပခုက္ကူမြို့ဘက်သို့ ကျွဲတဲ ကျေး ရွာနေသူ ကျော်သီဟထွန်း (၁၉)နှစ် မောင်းနှင်ပြီး နောက်တွင် ကျားတစ်ဦး၊ မတစ်ဦး၊ ပေါင်း(၃)ဦး စီးနင်းလာသည့် ၄၃ယ/xxxxx YINXIAING-110 စိမ်းပြာရောင် ဆိုင်ကယ်သည် လမ်း၏ ယာဘက်ဘေးမှ ကပ်၍မောင်းနေစဉ် ၄င်းလမ်းအတိုင်း မျက်နှာချင်းဆိုင် ပခုက္ကူဘက်မှ ကျွဲတဲ ကျေးရွာဘက်သို့ ပခုက္ကူမြို့၊ အမှတ်(၁၁)ရပ်ကွက်နေသူ ယာဉ်မောင်း မောင်မောင် (၂၄)နှစ် မောင်းနှင် လာသည့် ဏ/xxxxx TOYOTA HILUX အဖြူရောင်ယာဉ်မှ တစ်ဘက် ယာဉ်ကြောအတွင်းသို့ ၀င်ရောက်တိုက်မိသဖြင့် ဆိုင်ကယ် စီးနင်းသူ ကျော်သီဟထွန်းပါ (၃)ဦးတို့တွင် ဒဏ်ရာများ အသီးသီး ရရှိခဲ့သဖြင့် ယာဉ်အား မဆင် မခြင်မောင်းနှင်သူ မောင်မောင်အား ပခုက္ကူမြို့နယ်၊ မြို့မရဲစခန်း ယာဉ်(ပ) ၄၃/၂၀၁၅၊ ပြစ်မှုဆိုင်ရာဥပဒေ ပုဒ်မ ၃၃၇/၃၃၈ အရ အမှုဖွင့်အရေးယူ ဆောင်ရွက် လျှက် ရှိကြောင်း သတင်းရရှိ ပါသည်။

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video