Wednesday, March 18, 2015

၂၀၁၅ ခုနှစ်၊ မတ်လ ၁၇ ရက်နေ့ နံနက် ၅ နာရီ အချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ မင်းဘူး ခရိုင်၊ စေတုတ္တရာမြို့နယ်၊ တပွင်နယ်မြေရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် စေတုတ္တရာမြို့နယ် သစ်တောဦးစီး ဌာနမှ ၀န်ထမ်းများ ၊ စေတုတ္တရာမြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ ၀န်ထမ်းများ ပူးပေါင်း အဖွဲ့သည် စေတုတ္တရာ-ဆော ခရိုင်ချင်းဆက် ကားလမ်း မိုင်တိုင်အမှတ် (၅)တွင် ဂန့်ဂေါခရိုင်၊ ဆောမြို့နယ် ဘက်မှ စေတုတ္တရာမြို့နယ် ဘက်သို့ တရားမ၀င်သစ်များ တင်ဆောင်လာသော ယာဉ် နှစ်စီး အား ရပ်တန့် စစ်ဆေး ခဲ့ကြောင်း သတင်းရရှိပါသည်။
စစ်ဆေးချက်အရ စလင်းမြို့နယ်၊ ကူတိုကျေးရွာနေသူ ယာဉ်မောင်း ကိုမောင်း (၂၈)နှစ် မောင်းနှင်လာသော ဇ/၆၇၄၉ TE-11 ဟီးနိုးမော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရာ တရားမ၀င်သစ်မာ (၁၂၂)လုံး၊ ၉.၇၉၂ တန် (တန်ဘိုး ၁၄၆၄၀၀ိ/-) အား လည်းကောင်း၊ စလင်းမြို့နယ်၊ ဆင်ကျုံးကျေးရွာနေသူ ယာဉ်မောင်း ယဉ်ကိုထွေး (၂၂)နှစ် မောင်းနှင်လာသော N /၅၃၂၄ ဒိုင်နာ အ၀ါရောင်ယာဉ်ပေါ်တွင် တရားမ၀င် အင်ကြင်းခွဲသား (၁၂)ချောင်း (၂.၀၃၃)တန် (တန်ဘိုး ၁၆၂၆၄၀ိ/-)အား လည်းကောင်း တွေ့ရှိ သိမ်းဆည်းရမိခဲ့ပြီး အဆိုပါသစ်များမှာ စေတုတ္တရာမြို့နယ်၊ ဆွယ်အင်းကျေးရွာအုပ်စု၊ ကျောက်ကွဲ ကျေး ရွာနေသူ ကိုအေးနိုင် (၂၄)နှစ် ပိုင်ဆိုင်သော သစ်များဖြစ်ကြောင်း စစ်ဆေးသိရှိရကြောင်း၊ တရားမ၀င် သစ်များသယ်ဆောင်သူ ယာဉ်မောင်း ကိုမောင်း၊ ယဉ်ကိုထွေး နှင့် သစ်ပိုင်ရှင် ကိုအေးနိုင် တို့အား စေတုတ္တရာမြို့နယ်၊ တပွင်နယ်မြေရဲစခန်း (ပ)၂/၂၀၁၅၊ ပြည်သူပိုင်ပစ္စည်း ကာကွယ် စောင့်ရှောက်ရေး ဥပဒေပုဒ်မ ၆(၁) အရ အမှုဖွင့် အရေးယူ ဆောင်ရွက်လျှက် ရှိကြောင်း သတင်း ရရှိပါသည်။

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video