Tuesday, March 17, 2015

မြို့သစ်  မတ်  ၁၅
မကွေးခရိုင် မြို့သစ်မြို့နယ် မကြီးချိုကျေးရွာတွင်မတ်လ ၁၅ ရက်နေ့ကမြို့နယ်ကျန်းမာရေးဦးစီး ဌာနဝန်ထမ်း များမြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဌနှင့်အသင်းဝင်များကျေးရွာ NGO  အဖွဲ့များပူးပေါင်း၍ကျန်းမာရေးပြုစုစောင့်ရှောက်မှုများပြုလုပ်ခဲ့သည်။

 ရှေးဦးစွာ မြို့နယ်ကျန်းမားရေးဦးစီးဌာနဒေါက်တာကျော်မင်းအုပ်နှင့်ဝန်ထမ်းများက မကြီးချိုကျေးရွာရှိ သက်ကြီးရွယ်အိုအဘိုးအဖွာများနှင့်လူကြီး/ငယ် များမကျန်ဆေးကုသမှုလုပ်ငန်း များ ဆောင်ရွက်မှုပြုလုပ်ရာတွင်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဌဒေါ်သင်းသင်းကြိုင်နှင့် အသင်းဝင်များကလိုအပ်သည့်ပံ့ပိုးကူညီဆောင်ရွက်နေမှုများကိုမြို့နယ်အုပ်ချုပ်ရေးမှုး ဦးဗိုလ်အောင်မောင်မောင် ပြည်သူလွှတ်တော်ကိုယ်စားလှယ်ဦးမြင့်သူနှင်ြ့မို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးအထောက်အကူပြုအဖွဲ့ လုပ်ငန်းအရည်းအသွေးစစ်ဆေးရေးအဖွဲ့များသွားရောက် ကြည့်ရှု ကာဆေးကုသခံကျေးလက်ဒေသခံများကိုအားပေးစကားပြောကြားခဲ့သည်။

ထိုမှတဆင့် ရွှေလက်မြဲ ကုမ္မဏီက လုပ်ငန်းဆောင်ရွက်နေသောကျေးလက် ကျန်းမားရေးဆေးခန်းအား သွားရောက်ကာ၂၀၁၄  ၂၀၁၄ကျန်းမာရေးဝန်ကြီးဌာန၏သာမှန်ပြင်ဆင်ထိမ်းသိမ်းရေးရန်ပုံငွေဖြင့်ဆောက် လုပ်သောကျေးလက်ကျန်းမားရေးဆေးခန်းဆောက်လုပ်နေမှုများကိုမြို့နယ်လုပ်ငန်းစစ်ဆေးရေးအဖွဲ့များ ကကြည့်ရှု့စစ်ဆေးမှုများဆောင်ရွက်ခဲ့ကြောင်းသိရသည်။
                      ဇော်ဇော်  (  မြို့သစ်  )

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video