Friday, March 20, 2015

၂၀၁၅ ခုနှစ်၊ မတ်လ ၁၉ ရက်နေ့ ညနေ (၅) နာရီအချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့နယ်၊ မြစ်ခြေနယ်မြေရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် နန်းတော်ရပ်ကျေးရွာ၌ မီးလောင်မှု ဖြစ် ပွားကြောင်း သတင်းအရ သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့ကြောင်း၊
စစ်ဆေးချက်အရ နန်းတော်ရပ် ကျေးရွာနေသူ မဌေးမော် (၃၇)နှစ်၏ သားဖြစ်သူ အသက်(၂)နှစ် အရွယ် မောင်ကောင်းထက်ဇော် သည် ဂက်စ်မီးခြစ်အား ဆော့ကစားစဉ် နေအိမ် ထန်းလက်အမိုးမှ တစ်ဆင့် မီးကူးစက်လောင်ကျွမ်းခဲ့ရာ မဌေးမော်၏ ထန်းလက်မိုး၊ ၀ါးထရံကာ၊ ၀ါးကြမ်းခင်း၊ (၃x၂)ပင်နေအိမ် အပါအ၀င် နေအိမ်(၃)လုံး မီးလောင်ကျွမ်းခဲ့၍ တန်ဘိုး ၁၂၀၀၀၀ိ/- ခန့် မီးလောင် ဆုံးရှုံးခဲ့ကြောင်း သိရှိရပါသည်။ 
ကလေးငယ်အား မီးပေါ့ဆစွာ သုံးစွဲစေသူ မဌေးမော်အား ပခုက္ကူမြို့နယ်၊ မြစ်ခြေနယ်မြေရဲစခန်း (ပ) ၂၁/၂၀၁၅၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၂၈၅ အရ အမှုရေးဖွင့် ဆောင်ရွက်လျှက်ရှိ ကြောင်း သတင်းရရှိ ပါသည်။

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video