Friday, March 20, 2015

၂၀၁၅ ခုနှစ်၊ မတ်လ ၁၉ ရက်နေ့ နံနက် (၁) နာရီအချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ်၊ ဆတ်သွားနယ်မြေ ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် ချောင်းနက် အနောက်စု ရွာတွင် လူတစ်ဦး ကြိုးဆွဲချ သေဆုံးကြောင်း သတင်းအရ သက်သေများနှင့်အတူ သွားရောက် စစ်ဆေးခဲ့ကြောင်း၊
စစ်ဆေးချက်အရ သေဆုံးသူမှာ ချောင်းနက် အနောက်ရွာနေသူ ငြိမ်းနိုင်ဝင်း (၂၈)နှစ် ဖြစ်ကြောင်း၊ ၁၈.၃.၂၀၁၅ ရက်နေ့ ည ၈ နာရီခွဲ အချိန်ခန့်တွင် ၄င်း၏သုံးပင်နေအိမ် အလယ်ဝါးထုပ်တန်းတွင် ကြိုးဆွဲချ သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း၊ စစ်ဆေးချိန်တွင် ၄င်းသည် အင်္ကျီဝတ်ဆင်ထားခြင်းမရှိဘဲ အိမ်အလယ်ခန်း၌ ကြမ်းပြင် မှ အမြင့်(၄)တောင်ခန့်ရှိ ၀ါးထုပ်တန်းတွင် သုံးပင်လိမ် အစိမ်းရောင် ပလပ်စတစ်ကြိုးဖြင့် လည်ပင်းတွင် ကွင်းစွပ်လျှက် ပက်လက်လှန် အနေအထားဖြင့် ၀ဲ/ယာ လက်ချောင်းများ အတွင်းသို့ကုပ်နေကာ လည်ပင်းတွင် ကြိုးပွန်းနစ်သည့် ဒဏ်ရာဖြင့် သေဆုံးနေ ကြောင်း တွေ့ရှိရပြီး အလောင်းအား စတင်တွေ့ရှိသူ သေဆုံးသူ မိခင်၏ ပြောပြချက်အရ ငြိမ်းနိုင်ဝင်း သည် အရက်အလွန်အကျွံ သောက်တတ်သူ ဖြစ်သည်ကို သိရှိရပါသည်။
ငြိမ်းနိုင်ဝင်း သေဆုံးခြင်းမှာ ဓမ္မတာအတိုင်း ဟုတ်/မဟုတ် စုံစမ်းစစ်ဆေး နိုင်ရန်အတွက် တောင်တွင်း ကြီးမြို့နယ်၊ ဆတ်သွားနယ်မြေရဲစခန်း သေမှုသေခင်း အမှတ်စဉ် (၂/၂၀၁၅) ဖြင့် ရေးဖွင့်ဆောင်ရွက် လျက် ရှိကြောင်း သတင်း ရရှိပါသည်။

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video