Friday, March 20, 2015

၂၀၁၅ ခုနှစ်၊ မတ်လ ၁၉ ရက်နေ့ ညနေ ၃း၁၀ နာရီအချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့၊ မြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် ပခုက္ကူကွန်ပျူတာ တက္ကသိုလ်ရှေ့တွင် မီးလောင်မှုဖြစ် ပွားကြောင်း သတင်းအရ သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့ကြောင်းသိရှိရပါသည်။
စစ်ဆေးချက်အရ ပခုက္ကူ-ပေါက်ကားလမ်း၊ မိုင်တိုင်အမှတ်၊ ၆/၆ အနီးရှိ ပခုက္ကူမြို့ နယ်၊ ရွှေချောင်း ကျေး ရွာနေသူ ဦးမျိုးလွင် (၆၀)နှစ် ပိုင်ဆိုင်သည့် ““ဘ၀တက္ကသိုလ်”” စက်သုံးဆီ အရောင်း ဆိုင်၌ အလုပ်သမား ပခုက္ကူမြို့နယ်၊ တင်းဂတ်ကျေးရွာနေသူ မအိသူခိုင် (၂၀)နှစ်သည် အပူရှိန်ရှိသော ပလပ်စတစ်ပုံး အတွင်း သို့ အော်တိန်းဆီများအား ဂါလံခွက်ဖြင့် လှယ်ထည့်စဉ် မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ရာ ဦးမျိုးလွင်၏ စက်သုံး ဆီဆိုင်နှင့် အနီးရှိ ဦးကျော်လွင်၏ စက်သုံးဆီဆိုင်အား မီးကူးစက် လောင်ကျွမ်း ခဲ့ကြောင်း၊
မီးလောင်ရာသို့ ပခုက္ကူခရိုင်ရဲတပ်ဖွဲ့မှူး၊ ပခုက္ကူမြို့နယ်ရဲတပ်ဖွဲ့မှူး၊ မြို့မရဲစခန်းမှူး ပါ ရဲတပ်ဖွဲ့ဝင် (၃၀)ဦး၊ ခရိုင်မီးသတ်ဦးစီးမှူး ပါမီးသတ်တပ်ဖွဲ့ဝင်(၈၀)ဦး၊ ပြည်သူများ၊ မီးသတ်ယာဉ်(၁၅)စီး တို့ဖြင့် ၀န်းဝန်းမီးငြိမ်း သတ် ခဲ့ရာ ၃း၄၀ အချိန် မီးညွန့်ကျိုး၍ ၃း၄၅ အချိန် မီးလုံးဝငြိမ်းသွားခဲ့ကြောင်း၊
မီးလောင်မှုကြောင့် ဦးမျိုးလွင်၏ “ဘ၀တက္ကသိုလ်”စက်သုံးဆီဆိုင် (၁)လုံး (ခန့်မှန်းတန်ဘိုး ၄၀,၀၀၀ိ/-)၊ ဟိုက်ဂျက် ယာဉ်ဟောင်း (၁)စီး (ခန့်မှန်းတန်ဘိုး ၈၀၀,၀၀၀ိ/-)၊ ဒီဂျစ်တယ် ပန့်(၄)လုံး (ခန့်မှန်း တန်ဘိုး ၁,၀၀၀,၀၀၀ိ/-) ၊ ဆီပေပါ (၅)လုံး(ခန့်မှန်းတန်ဘိုး ၆၀၀,၀၀၀ိ/-)၊ ဦးကျော်လွင်၏ “ဝေဟင်” စက်သုံးဆီဆိုင် (၁)လုံး (ခန့်မှန်းတန်ဘိုး ၂၀,၀၀၀ိ/-)၊ ဒီဂျစ်တယ် ပန့်(၄)လုံး (ခန့်မှန်း တန်ဘိုး ၁,၀၀၀,၀၀၀ိ/-) ၊ ဆီပေပါ (၅)လုံး(ခန့်မှန်းတန်ဘိုး ၆၀၀,၀၀၀ိ/-)၊ စုစုပေါင်းခန့်မှန်းတန်ဘိုး ၄၀၆၀၀၀၀ိ/- ဆုံးရှုံးခဲ့ပြီး မအိသူခိုင်တွင် လက်နှစ်ဖက် မီးဟတ်သည့် ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရပါသည်။ 
မီးလောင်လွယ်သည့် ပစ္စည်းအား ပေါ့ဆစွာသုံးစွဲသူ မအိသူခိုင်အား ပခုက္ကူမြို့နယ်၊ မြို့မရဲစခန်း(ပ) ၈၇/၂၀၁၅၊ ပြစ်မှုပုဒ်မ ၂၈၅ အရ အမှုဖွင့်အရေးယူ ဆောင်ရွက်ထားရှိကြောင်း သတင်းရရှိပါသည်။ 
 


0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video