၂၀၁၉
ခုနှစ်၊ ဇန်န၀ါရီလ ၂၄ ရက်နေ့ နံနက် ၁ နာရီခွဲခန့်တွင် မကွေးနယ်မြေရဲစခန်းမှ ဒုရဲအုပ်
နောင်နောင်စိုးနှင့်အဖွဲ့သည် သက်သေများနှင့်အတူ ညဉ့်နက်လှည့်ကင်းဆောင်ရွက်နေစဉ်
မကွေးမြို့၊ အောင်ရတနာရပ်ကွက်၊ ရန်ပယ်ရပ်၊ နတ်မောက်လမ်းနှင့် သုခိတာလမ်းဆုံအရောက်တွင်
လူငယ်တစ်ဦးမှ ဆိုင်ကယ်တစ်စီးအား တွန်းလာသည်ကို တွေ့ရှိရ၍ စစ်ဆေးမေးမြန်းရာ ရေနံချောင်းမြို့၊ တွင်းကုန်း ရပ်ကွက်နေ ရဲရင့်အောင်၊ ၂၂ နှစ် ဖြစ်ကြောင်း သိရှိရပြီး ၄င်းတွန်းလာသော
၃၃ယ/၁၇၆၉၃ HONDA DREAM 125 အနက်ရောင်ဆိုင်ကယ်နှင့် ပတ်သက်၍မေးမြန်းရာ ပိုင်ဆိုင် ကြောင်း
အထောက်အထား တစ်စုံတစ်ရာပြောဆိုနိုင်ခြင်းမရှိဘဲ နေအိမ်အဆောက်အဦတစ်ခုခုအတွင်းမှခိုးယူလာကြောင်း
မသင်္ကာဖွယ် စစ်ဆေးပေါ်ပေါက်ခဲ့သဖြင့် ရဲရင့်အောင်အား မကွေးနယ်မြေရဲစခန်း(ပ)၂၉/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ
၃၈၀/ကျင့် ၅၄ အရ အရေးယူဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိပါသည်။
Friday, January 25, 2019
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment