မကွေး၊
ဇန်န၀ါရီလ ၂၅ ရက်
၂၀၁၉
ခုနှစ်၊ ဇန်န၀ါရီလ ၂၅ ရက်နေ့တွင် ရေစကြိုမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး မြင့်ဖေ
ဦးဆောင်သော ရဲတပ်ဖွဲ့ဝင်များသည် နံနက် ၁၀ နာရီခွဲမှ ၁၂ နာရီကျော်ခန့်ထိ
ရေစကြိုမြို့နယ်၊ မြေစွန်းကောက် ကျေးရွာ အုပ်စု၊ ရွှေလှန်ကျေးရွာ၊
အခြေခံပညာအထက်တန်းကျောင်း(ခွဲ)တွင် ကျောင်းအုပ်ဆရာကြီး ဦးစန်းဌေးနှင့်
ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ၊ ရွာသူ/သားများ၊ စုစုပေါင်းအင်အား (၄၀၀)ဦးခန့်အား
လည်းကောင်း၊ နေ့လည် ၂ နာရီခန့်မှ ၄ နာရီခန့်အထိ ဆင်ခြေယာကျေးရွာ၊ အခြေခံပညာ အလယ်တန်းကျောင်း(ခွဲ)တွင်
ကျောင်းအုပ်ဆရာကြီး ဦးစိုးနိုင်ထွန်းနှင့် ဆရာ/ဆရာမ များ၊
ကျောင်းသား /ကျောင်းသူများ၊ ကျေးရွာသူ/သားများ၊ စုစုပေါင်းအင်အား(၃၀၀)ဦးခန့်အား လည်းကောင်း
မှုခင်းကျဆင်းရေး အသိပညာပေးဟောပြောပွဲများ ပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။
အခမ်းအနားများတွင်
မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး မြင့်ဖေမှ မှုခင်းကျဆင်းရေးနှင့် မူးယစ်ဆေးဝါး
အန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေး ရှင်းလင်းဟောပြောခြင်း၊ မြို့မရဲစခန်းမှူး
ဒုရဲမှူး ဆန်းဦးမှ ယာဉ် စည်းကမ်း/လမ်းစည်းကမ်း အသိပညာပေးရှင်းလင်းဟောပြောခြင်း၊
ကျောင်းအုပ် ဆရာကြီးများမှ ကျေးဇူးတင်စကား ပြောကြားခြင်းတို့ ဆောင်ရွက်ခဲ့ပြီး
အသိပညာပေးလက်ကမ်း စာစောင်များ ဖြန့်ဝေပေးအပ်ခဲ့ကြကြောင်း သတင်းရရှိပါသည်။
0 comments:
Post a Comment