Sunday, January 27, 2019

မကွေး၊ ဇန်န၀ါရီလ ၂၆ ရက်
၂၀၁၉ ခုနှစ်၊ ဇန်န၀ါရီလ ၂၆ ရက်နေ့ နေ့လည် ၂ နာရီခန့်မှ ၃ နာရီခွဲခန့် အထိ အောင်လံ မြို့မရဲစခန်းမှူး ဒုရဲမှူး စိုးညွန့်ဦး ဦးဆောင်သော ရဲတပ်ဖွဲ့ဝင်များသည် အောင်လံမြို့နယ်၊ ပိတောက်ကုန်းအုပ်စု၊ ပန်းမတ ကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ မှုခင်းကျဆင်းရေး အသိပညာပေး ဟောပြောပွဲ ဆောင်ရွက်ခဲ့ရာ ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဝင်းလှိုင်နှင့် ရွာသူ/သားများ၊ စုစုပေါင်းအင်အား(၁၀၀)ဦးခန့် တက်ရောက်ခဲ့ပြီး မှုခင်း ကျဆင်းရေး၊ မူးယစ်ဆေးဝါး အန္တရာယ်တားဆီး ကာကွယ်ရေး၊ လုကုန်ကူးမှု တားဆီးကာကွယ်ရေး၊ ယာဉ်စည်းကမ်း/ လမ်းစည်းကမ်း ဆိုင်ရာများ အသိပညာပေး ရှင်းလင်းဟောပြောခဲ့ကြောင်း သတင်းရရှိ ပါသည်။


 

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video