မကွေး၊
ဇန်န၀ါရီလ ၂၇ ရက်
၂၀၁၉
ခုနှစ်၊ ဇန်န၀ါရီလ ၂၇ ရက်နေ့ နေ့လည် ၁ နာရီခွဲခန့်မှ ၃ နာရီခန့်အထိ တောင်တွင်းကြီး
မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး တင်မောင်ညို ဦးဆောင်သော ရဲတပ်ဖွဲ့ဝင်များသည် တောင်တွင်းကြီး
မြို့နယ်၊ တောင်လျောင်းကျေးရွာအုပ်စု၊ အောင်ခိုင်ကျေးရွာ၊
အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၊ စပယ်ခန်းမ၌ မှုခင်းကျဆင်းရေး အသိပညာပေး ဟောပြောပွဲ
ဆောင်ရွက်ခဲ့ရာ ကျောင်းအုပ် ဆရာမကြီး ဒေါ်သန္တာခိုင်နှင့် ဆရာ/မများ၊ ကျောင်းသား/သူများ၊ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးခင်မောင်အေးနှင့် ရွာသူ/သားများ၊
စုစုပေါင်း အင်အား(၁၅၀)ဦးခန့် တက်ရောက်ခဲ့ပါသည်။
အခမ်းအနားတွင် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး တင်မောင်ညိုမှ
သက်ငယ်မုဒိမ်းမှု ဖြစ်စဉ်များ ရှင်းလင်း ပြောကြားခြင်း၊ မူးယစ်ဆေးဝါး အန္တရာယ်တားဆီးကာကွယ်ရေး
အသိပညာပေး ရှင်းလင်းဟောပြော ခြင်း၊ ယာဉ်စည်းကမ်း/ လမ်းစည်းကမ်း ရှင်းလင်းဟောပြောခြင်း၊
အသိပညာပေးလက်ကမ်းစာစောင် များ ဖြန့်ဝေပေးအပ်ခဲ့ကြကြောင်း သတင်းရရှိပါသည်။
0 comments:
Post a Comment