မကွေး၊ ဇန်န၀ါရီလ ၂၇ ရက်
၂၀၁၉ ခုနှစ်၊ ဇန်န၀ါရီလ ၂၇ ရက်နေ့ နံနက် ၃ နာရီ အချိန်ခန့် ချောက် မြို့မရဲစခန်းမှ ဒုရဲအုပ် အုန်းကျော်ဌေး သည် တာဝန်ဆောင်ရွက်နေစဉ် ယာဉ်တိုက်မှုဖြစ်ပွားကြောင်း သတင်းအရ သက်သေများနှင့်အတူ သွားရောက်စစ်ဆေးရာ ချောက်-ဂွေးချို သွားကားလမ်း၊ မိုင်တိုင်အမှတ် (၃၉၉/၂)နှင့် (၃၉၉/၃)ကြား၊ ဆင်က ကျေးရွာအနီးတွင် ဂွေးချိုဘက်မှ ချောက်ဘက်သို့ စစ်ကိုင်း၊ မန္တလေး ဘုရားဖူးအပြန် စလင်းမြို့နယ်၊ ကိုးလန်ကျေးရွာနေ ဇော်ဟိန်း၊ ၁၈ နှစ် မောင်းနှင်ပြီး ယာဉ်ပေါ်တွင် ကျား(၇)ဦး၊ မ(၁၄)ဦး၊ ပေါင်း(၂၁)ဦး လိုက်ပါလာသော 1L/7307 BONGO 3 အဖြူရောင်ယာဉ်သည် လမ်းယာဘက်ခြမ်းရှိ ယူကလစ်ပင် အား ၀င်ရောက်တိုက်မိခဲ့သဖြင့် ခရီးသည်များ သေဆုံး/ဒဏ်ရာ ရရှိခဲ့၍ ယာဉ်မောင်း ဇော်ဟိန်းအား ချောက် မြို့နယ်၊ မြို့မရဲစခန်းယာဉ် (ပ) ၄/၂၀၁၉၊ ရာဇသတ်ကြီး ပုဒ်မ ၃၀၄-က/ ၃၃၈/ ၃၃၇ အရ အရေးယူ ဆောင်ရွက်ခဲ့ရပါသည်။
ယာဉ်တိုက်မှုဖြစ်စဉ်ကြောင့် အောက်ပါအတိုင်း (၁)ဦးသေဆုံးပြီး (၂၀)ဦး ဒဏ်ရာရရှိခဲ့ကြကြောင်း သတင်း ရရှိပါသည်-
(၁) စလင်းမြို့နယ်၊ ချောင်းရေတက်ကျေးရွာနေ ဒေါ်မိုးကောင်း၊ ၅၂နှစ်တွင် ပါးစပ်သွေးထွက် ဒဏ်ရာ
(သေဆုံး)၊
(၂) ဇော်ဟိန်း တွင် ၀ဲခြေကျင်းဝတ်ပေါက်ပြဲ၊ ၀ဲနံအောင့်၊ နှာခေါင်းသွေးထွက်ဒဏ်ရာ(မစိုးရိမ်ရ)၊
(၃) စလင်းမြို့နယ်၊ ချောင်းရေတက် ကျေးရွာနေ ဦးဝင်းမြင့်၊ ၅၀ နှစ် တွင် နဖူးဝဲဘက်ပေါက်ပြဲ၊
ယာလက်ဖျံ/နောက်ကျော/ ယာဒူးနာကျင်ဒဏ်ရာ (မစိုးရိမ်ရ)၊
(၄) ဦးဘိုခြူး၊ ၅၈ နှစ်တွင် ခေါင်းမူး၊ ယာမျက်ခုံး ညိုမဲဒဏ်ရာ (စိုးရိမ်ရ)၊
(၅) ဒေါ်ဘုမ(ခ)ဒေါ်ဝင်းတင်၊ ၄၅ နှစ်တွင် ၀ဲဂျိုစောင်းပေါကပြဲ၊ ယာပေါင်နာကျင်၊ ၀မ်းဗိုက်အောင့် ဒဏ်ရာ
(စိုးရိမ်ရ)၊
(၆) ဒေါ်ဖဲစိန်၊ ၅၀ နှစ် တွင် ပါးစပ်သွေးထွက်၊ ၀မ်းဗိုက်နာကျင်ဒဏ်ရာ(စိုးရိမ်ရ)၊
(၇) ဒေါ်ပေါဆိုင်၊ ၄၉ နှစ် တွင် ယာပေါင်ကျိုးဒဏ်ရာ (စိုးရိမ်ရ)၊
(၈) ဒေါ်ခွက်ထော်၊ ၅၅ နှစ် တွင် ၀ဲပေါင်/ယာလက်ကောက်ဝတ် နာကျင်ဒဏ်ရာ(မစိုးရိမ်ရ)၊
(၉) မစန်းစန်းမော်၊ ၁၅ နှစ် တွင် ပါးစပ် သွေးထွက်၊ ယာတင်ပါး နာကျင်ဒဏ်ရာ(မစိုးရိမ်ရ)၊
(၁၀) ဦးပြုံးချို၊ ၄၆ နှစ် တွင် ယာလက်ကောက်ဝတ် နာကျင်၊ ယာနံဘေးအောင့်၊ နှာခေါင်း သွေးထွက်ဒဏ်ရာ
(မစိုးရိမ်ရ)၊
(၁၁) မပေါပေါ၊ ၂၂ နှစ် တွင် ၀ဲ/ ယာပေါင် နာကျင်(မစိုးရိမ်ရ)၊
(၁၂) မနွယ်နီလင်း၊ ၃၄ နှစ်တွင် ခါးနာကျင်ဒဏ်ရာ (မစိုးရိမ်ရ)၊
(၁၃) ဦးချစ်တူး၊ ၅၇ နှစ် တွင် ဆီးခုံပွန်းဒဏ်ရာ (မစိုးရိမ်ရ)၊
(၁၄) ဒေါ်ဘုမ၊ ၅၂ နှစ် တွင် ပါးစပ်သွေးထွက်ဒဏ်ရာ(စိုးရိမ်ရ)၊
(၁၅) စလင်းမြို့နယ်၊ စမ်းကလေးကျေးရွာနေ မသင်းသင်းမော်၊ ၃၁ နှစ်တွင် ပါးစပ်သွေးထွက်၊ ၀မ်းဗိုက်
နာကျင်ဒဏ်ရာ(စိုးရိမ်ရ)၊
(၁၆) စလင်းမြို့နယ်၊ တညောင်ကျေးရွာနေ ဒေါ်ဝင်းရီ၊ ၅၁ နှစ်တွင် ၀ဲပေါင်နာကျင်/ရင်ဘတ်အောင့် ဒဏ်ရာ
(မစိုးရိမ်ရ)၊
(၁၇) မမာညို၊ ၄၄ နှစ် တွင် ၀ဲ/ယာ ဒူး/ခါးနာကျင်ဒဏ်ရာ(မစိုးရိမ်ရ)၊
(၁၈) မမြတ်သူဇာ၊ ၃၆ နှစ် တွင် ၀ဲပေါင်/လက်သူကြွယ် နာကျင် ဒဏ်ရာ (မစိုးရိမ်ရ)၊
(၁၉) စလင်းမြို့နယ်၊ ဇီးဖြူပင်ကျေးရွာ ဒေါ်ခင်သန်းညို၊ ၅၀ နှစ် တွင် နဖူး/၀ဲ လက်ဖ၀ါး ပွန်းခြစ်၊ ၀ဲဒူးနာကျင်၊
နှာခေါင်းသွေးထွက်ဒဏ်ရာ(မစိုးရိမ်ရ)၊
(၂၀) စလင်းမြို့နယ်၊ ကိုးလန်ကျေးရွာနေ ဦးအောင်ဌေး၊ ၄၅ နှစ် တွင် ၀ဲနံရိုးနာကျင်ဒဏ်ရာ (မစိုးရိမ်ရ)
(၂၁) စလင်းမြို့နယ်၊ လေသာကုန်း ကျေးရွာနေ ဦးဆန်းအောင်၊ ၄၁ နှစ်တွင် ယာနံရိုး နာကျင်ဒဏ်ရာ
(မစိုးရိမ်ရ)
0 comments:
Post a Comment