Sunday, January 27, 2019

မကွေး၊ ဇန်န၀ါရီလ ၂၇ ရက်
၂၀၁၉ ခုနှစ်၊ ဇန်န၀ါရီလ ၂၇ ရက်နေ့ နေ့လည် ၂ နာရီခန့်မှ ၄ နာရီကျော်ခန့်အထိ ရေနံချောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေး၊ ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးခင်မောင်သိန်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ဇော်မင်း၊ ဒုမြို့နယ်မီးသတ်ဦးစီးမှူး ဦးသက်နိုင်ဝင်း တို့ဦးဆောင်သော ပူးပေါင်းအဖွဲ့သည် ရေနံချောင်း မြို့နယ်၊ အင်တောကျေးရွာနေ ဒေါ်မြင့်ရီ၏ နေအိမ်ဝိုင်း မြေကွက်လပ်တွင် မှုခင်းကျဆင်းရေး အသိ ပညာပေးဟောပြောပွဲ ဆောင်ရွက်ခဲ့ရာ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဇော်လွင်မိုးနှင့် ရွာသူ/သားများ၊ စုစုပေါင်း အင်အား(၁၅၀)ဦးခန့် တက်ရောက်ခဲ့ပါသည်။
အခမ်းအနားတွင် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ဇော်မင်းမှ မုဒိမ်းမှုနှင့် သက်ငယ်မုဒိမ်းမှု လျော့နည်း ကျဆင်းရေး၊ ကြိုတင်ကာကွယ်သတိထားရမည့်အချက်များ ရှင်းလင်းပြောကြားခြင်း၊ ဒုမြို့နယ် အုပ်ချုပ်ရေးမှူး ဦးခင်မောင်သိန်းမှ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ဆောင်သင့်သည့်အချက်များ ရှင်းလင်းခြင်း၊ ဒုမြို့နယ်မီးသတ်ဦးစီးမှူး ဦးသက်နိုင်ဝင်းမှ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ရှင်းလင်းပြောကြားခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်း ရရှိပါသည်။



0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video