Tuesday, October 23, 2018


၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ ၂၂ ရက်နေ့ နေ့လည် ၃ နာရ်ီအချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး မှုခင်းအကူဌာနစိတ်မှ ဒုရဲအုပ် အေးနိုင်နှင့်အဖွဲ့၊ ပခုက္ကူခရိုင် မှုခင်းနှိမ်နှင်းရေးဌာနစိတ်မှ ရဲအုပ် မျိုးလွင် နှင့်အဖွဲ့၊ ပခုက္ကူမြို့မရဲစခန်းမှ ရဲအုပ် သိန်းဌေးတို့ ပူးပေါင်းအဖွဲ့သည် သက်သေများနှင့်အတူ ပခုက္ကူမြို့နယ်၊ ကြီးရွာကျေးရွာ အရှေ့မြောက်ဘက်ရှိ ထွန်းဇော်၊ ၄၃ နှစ်၏ သနပ်ခါးခြံဝန်းအတွင်း၌ မူးယစ်ဆေးဝါးများ ဖြန့်ဖြူးရောင်းချ သုံးစွဲနေကြောင်း သတင်းအရ မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး၏ မူးယစ်ဆေးဝါး ရှာဖွေ ဖမ်းဆီးခွင့် ၀ရမ်းအမှတ် (၁၈/၂၀၁၈)ဖြင့် ၀င်ရောက်ရှာဖွေခဲ့ကြရာ သနပ်ခါး ခြံဝန်းအတွင်းရှိ နေအိမ် တဲအောက်တွင် ထွန်းဇော်နှင့်အတူ ပခုက္ကူမြို့၊ အမှတ်(၆)ရပ်ကွက်နေ ကျော်ဇင်ထက်၊ ၂၃နှစ်၊ ပခုက္ကူမြို့၊ အမှတ်(၁၁)ရပ်ကွက်နေ ခန့်ညီဝင်း၊ ၂၅ နှစ်၊ တစ်ရပ်ကွက် တည်းနေ သီဟအောင် ၃၀နှစ်၊ ပခုက္ကူမြို့၊ အမှတ်(၅)ရပ်ကွက်နေ သောကြာ(ခ)သော်ဇင်ထွဋ်၊ ၁၇ နှစ်၊ မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ်၊ မှိုင်းဝ ကျေးရွာနေ မန်ယူ(ခ)၀င်းနိုင်၊ ၅၃ နှစ်တို့(၆)ဦးအား 88/1 စာသားပါ ပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား (၁၁၁၈)ပြား၊ အလေးချိန်(၁၁၁.၈)ဂရမ်၊ မူးယစ် ဆေးဝါးရောင်းချရရှိငွေ (၂၉၇၆၀၀ိ/-)နှင့် ဆက်စပ်ပစ္စည်း များ၊ ဆိုင်ကယ် (၅)စီး၊ လက်ကိုင်ဖုန်း (၈)လုံးတို့အား တွေ့ရှိဖမ်းဆီးရမိခဲ့သဖြင့် ထွန်းဇော်ပါ(၆)ဦးအား ပခုက္ကူမြို့မရဲစခန်း မယ(ပ) ၅/၂၀၁၈၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၉(က)/ ၂၀(က)/၂၁ အရ အရေးယူဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။
၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ ၂၂ ရက်နေ့ ညနေ ၄ နာရီခန့်တွင် မြစ်ခြေနယ်မြေရဲစခန်းမှ ရဲတပ်ကြပ်ကြီး ရဲမြင့်နိုင်နှင့်အဖွဲ့သည် ပခုက္ကူမြို့နယ်၊ မြင်းဝင်းကျေးရွာတွင် တရားခံပြေးတစ်ဦး ရောက်ရှိ နေကြောင်း သတင်းအရ သက်သေများနှင့်အတူ သွားရောက် စုံစမ်း ဖမ်းဆီးရာ မြစ်ခြေ နယ်မြေရဲစခန်း (ပ)၁၉/၂၀၁၇၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၄၅၆/၃၂၃ အမှုမှ ထွက်ပြေးတိမ်းရှောင် နေသော တရားခံပြေး မောင်လွင်(ခ ) ဌေးလွင်၊ ၄၆ နှစ်အား ၎င်း၏ဦးလေး နေအိမ်၌ တွေ့ရှိဖမ်းဆီး ရမိခဲ့သဖြင့် တရားစွဲတင်ပို့သွားရန် စီစဉ် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။ 
 

Friday, October 19, 2018


၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ ၁၈ ရက်နေ့ နံနက် ၉ နာရီမှ ၁၁ နာရီအထိ ထီးလင်းမြို့နယ်၊ ကျင်း နယ်မြေရဲစခန်းမှ ဒုရဲအုပ် ခိုင်ဇော်နှင့် အဖွဲ့တို့သည် ဒန့်ဒီးကျေးရွာနေ ပြည်သူများ နှင့်တွေ့ဆုံ၍ အိမ်တိုင်ရာ ရောက် ရဲလုပ်ငန်းစနစ် Home Visit ​ဆောင်ရွက်ခဲ့ပြီး မှုခင်းအသိပညာပေးခြင်း၊ ယာဉ်အန္တရာယ် အသိပညာပေးခြင်း၊ မူးယစ်ဆေးဝါးအန္တရာယ်နှင့် ဆိုးကျိုးများ အသိပညာပေးခြင်း နှင့် အများပြည်သူ အထိတ်တလန့် ဖြစ်စေမည့် မီးရှုးမီးပန်း၊ ဗျောက်အိုးများအား ရောင်း/၀ယ်၊ ပစ်ဖောက်ခြင်းများ မပြုလုပ်ရန် မှာကြားခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။




ဂန့်ဂေါမြို့တွင် မြို့နယ်သံဃာ့နာရကဥက္ကဌ၏ မွေးနေ့ဂုဏ်ပြု ကြိုဆိုသောအားဖြင့် စုပေါင်းသန့်ရှင်း ပြုလုပ်မှု သတင်း
မကွေး အောက်တိုဘာလ ၁၈ ရက်
၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ ၁၈ ရက်နေ့ နံနက် ၇ နာရီမှ ၈ နာရီခွဲအချိန်အထိ ဂန့်ဂေါခရိုင်၊ ဂန့်ဂေါမြို့၊ မြို့နယ်သံဃာ့နာယက ဥက္ကဌ မြို့ခင်းသာတောင်ကျောင်းဆရာတော် ဘဒ္ဒန္တ ဥူးစဋိလ၏ သက်တော် (၇၁)နှစ်ပြည့် ကျရောက်သည့်မွေးနေ့အား ဂုဏ်ပြု ကြိုဆိုသောအားဖြင့် ဂန့်ဂေါခရိုင်၊ ခရိုင်ရဲတပ်ဖွဲ့မှူး ယာယီဒုတိယရဲမှူးကြီး အောင်မင်းလွင် ဦးဆောင်သော ရဲတပ်ဖွဲ့ဝင်များသည် မြို့နယ်မီးသတ်တပ်ဖွဲ့မှ ဒုဦးစီးမှူး ရဲရင့်ကျော် ဦးစီးမီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့ပေါ်(၄)ရပ်ကွက်မှ အုပ်ချုပ်ရေးမှူး များနှင့် ပြည်သူများ စုပေါင်း၍ ဂန့်ဂေါမြို့နယ်၊ အမှတ်(၁) ရပ်ကွက်အတွင်းရှိ သာသနာ့ ဗိမ္မာန်တော်ကြီးတွင် စုပေါင်း သန့်ရှင်းရေး လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။









 

Monday, October 15, 2018


၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ ၁၄ ရက်နေ့ နံနက် ၁၁ နာရီခွဲခန့်တွင် ပုံစံ(၈)ဖြင့် လေလံအောင်ပြီး ပိတောက် ခွဲသားများအား ပုလဲမြို့မှ စစ်ကိုင်းမြို့သို့ သယ်ယူပို့ဆောင်သည့် (၁၂)ဘီး ကား(၄)စီးမှာ ပုသိမ်- မုံရွာကားလမ်း အတိုင်း ပဒါန်းဘက်မှ ဥသျှစ်ပင်ဘက်သို့ မောင်းနှင်သွားကြောင်း သတင်းပေးချက်အရ ပုလဲမြို့နယ် သစ်တောဦးစီး အရာရှိ ဦးနိုင်လင်းနှင့်အဖွဲ့၊ ကံမမြို့နယ်သစ်တောဦးစီးဌာနနေ တောအုပ် ဦးစိုးတင့်၊ ၅၁ နှစ် နှင့်အဖွဲ့၊ ကြို့ပင် နယ်မြေရဲစခန်းမှူး ရဲအုပ် သက်လင်းဦး ဦးစီး တပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့တို့သည် သက်သေများနှင့်အတူ ပုသိမ်-မုံရွာ ကားလမ်း အတိုင်း လိုက်လံရှာဖွေခဲ့ရာ (၁၂)ဘီး ကား(၄)စီးအား မိုင်တိုင်အမှတ် ၁၉၃/၃ နှင့် ၁၉၃/၄ ကြားတွင် ရပ်တန့်ထားသည်ကိုတွေ့ရှိရ၍ စစ်ဆေးရာ ပဲခူးတိုင်းဒေသကြီး၊ ပန်းတောင်းမြို့နယ်၊ ဥသျှစ်ပင်မြို့၊ ရတနာပုံရပ်ကွက်နေ ၀င်းလှိုင်ဦး၊ ၄၆ နှစ်၊ မောင်းနှင်သော 6A/6696 Nissan Dissen ဖြူ/ ပြာကြား ရောင်(၁၂)ဘီး ယာဉ်ပေါ်မှ ပိတောက်ခွဲသား/ ဘုတ်ပြား(၅၈)ချောင်း၊ ၈.၉၈၂၈ တန်၊ ပဲခူးတိုင်း ဒေသကြီး၊ ပန်းတောင်းမြို့နယ်၊ ဥသျှစ်ပင်မြို့နယ်၊  လဲပင်ကျေးရွာနေ စံဝင်းနိုင်၊ ၄၂ နှစ်၊ မောင်းနှင် သော 3B/1276 Nissan Dissen အစိမ်းရောင် (၁၂)ဘီးယာဉ်ပေါ်မှ ပိတောက်ခွဲသား/ ဘုတ်ပြား (၆၇)ချောင်း၊ ၉.၀၀၇၆ တန်၊ မကွေးမြို့နယ်၊ အောင်စေတနာ ရပ်ကွက်နေ မျိုးဝင်းထိုက်၊ ၃၄ နှစ်၊ မောင်းနှင်သော 7B/2369 UD Counter အဖြူရောင်(၁၂)ဘီး ယာဉ်ပေါ်မှ ပိတောက်ခွဲသား /ဘုတ်ပြား(၆၁)ချောင်း၊ ၁၀.၇၉၅၆ တန်၊ ပဲခူးတိုင်းဒေသကြီး၊ ပန်းတောင်းမြို့နယ်၊ ဥသျှစ်ပင် မြို့နယ်၊ အမှတ်(၅)ရပ်ကွက်နေ သူရဌေး၊ ၂၃ နှစ်၊ မောင်းနှင်သော 2B/9037 Nissan Dissen အစိမ်းရောင် (၁၂)ဘီး ယာဉ်ပေါ်မှ ပိတောက်ခွဲသား/ဘုတ်ပြား(၅၂)ချောင်း၊ ၈.၉၈၇၄ တန်၊ စုစုပေါင်း ပိတောက်ခွဲသား/ ဘုတ်ပြား (၂၃၈)ချောင်း၊ ၃၇.၇၇၃၄ တန်၊ တန်ဖိုး ၃၃၉၉၆၀၆၀ိ/- အား သယ်ဆောင်လာကြောင်း တွေ့ရှိရသဖြင့် သယ်ဆောင် ခွင့်မျှောအားစစ်ဆေးရာ ပုလဲမြို့မှ စစ်ကိုင်းမြို့ သို့ တရားဝင်သယ်ဆောင်ခွင့်အား ပခုက္ကူမြို့၊ အမှတ်(၅)ရပ်ကွက်နေ ဦးမောင်မောင်လွင်၏ အမည် ဖြင့် ခွင့်ပြုထားသော်လည်း ကံမမြို့နယ်အတွင်းသို့ ရောက်ရှိနေ၍ မြို့နယ်ကျော် သယ်ဆောင်လာ ခြင်း ဖြစ်ကြောင်း တွေ့ရှိရသဖြင့် မျှောစာတွင် ဖော်ပြထားသော ခရီးလမ်းဆုံးမှ တစ်ပါးအခြား ဒေသသို့ သယ်ယူရွေ့ပြောင်းခြင်း ပြုလုပ်ခဲ့ကြောင်းတွေ့ရှိရ၍ ၀င်းလှိုင်ဦး ပါ(၅)ဦး။အား ကံမမြို့နယ်၊ ကြို့ပင် နယ်မြေရဲစခန်း (ပ)၂၁/၂၀၁၈၊ သစ်တောဥပဒေပုဒ်မ ၃၉(ခ) အရ အမှုဖွင့် အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။
















၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ ၁၄ ရက်နေ့ နံနက် ၈ နာရီမှ ၁၀ နာရီအထိ ထီးလင်းမြို့နယ်၊ ထီးလင်း- ကျောက်ထုလမ်းဆုံတွင် မြို့နယ်ပြန်/ဆက်ဦးစီးမှူး ဦးကျော်မြင့်၊ အမှတ်(၁)/ အမှတ်(၂) ရက်ကွက် အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မြင့် ဦးစီးအဖွဲ့၊ မြို့မရဲစခန်းမှ ရဲတပ်ကြပ်ကြီး ၀င်းညွှန့်ပါ တပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်မှ စာရေး ဦးမြင့်ကျော် တို့သည် ဖြတ်သန်း သွားလာသော မော်တော်ယာဉ်များ၊ မော်တော်ဆိုင်ကယ်များအား ယာဉ်/ လမ်းစည်းကမ်း အသိပညာပေး လက်ကမ်း စာစောင်များ၊ ယာဉ်/လမ်းစည်းကမ်း အသိပညာပေး စတေကာများအား ဖြန့်ဝေ ကပ်ပေးခြင်းများ ပြုလုပ် ဆောင်ရွက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။





Sunday, October 14, 2018



မကွေး အောက်တိုဘာလ ၁၃ ရက်
၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ ၁၃ ရက်နေ့ နေ့လည် ၁၂ နာရီအချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ ရဲအုပ် ရဲနိုင်မြင့်ပါ တပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ သတင်းအရ ကိုးပင် သစ်တော ဘိနယ်ရုံးရှေ့တွင် ကိုးပင်ဘက်မှ မကွေးမြို့ဘက်သို့ ယာဉ်မောင်း ဆင်ပေါင်ဝဲမြို့နယ်၊ ဓနုံးမြောင်ကျေးရွာနေ ရဲလေး(ခ)ရဲမင်းထွန်း၊ ၂၆ နှစ် မောင်းနှင်ပြီး တစ်ရွာတည်းနေ အောင်မျိုးဇော်၊ ၂၅ နှစ် လိုက်ပါလာသော MDY 7E/ 5362 AUTO – LIFAN အနီရောင်(၆)ဘီးယာဉ်အား ရပ်တန့် စစ်ဆေးရာ ရပ်တန့်ခြင်းမရှိဘဲ ထွက်ပြေးမောင်းနှင်သွားသဖြင့် လိုက်လံဖမ်းဆီးရာ ကိုးပင်-သစ်ရာ ကောက်သွား ကားလမ်း မိုင်တိုင်အမှတ် (၀/၅) နှင့် (၀/၆) အကြားတွင် ဖမ်းဆီးရမိပြီး စစ်ဆေးနေစဉ် အောင်မျိုးဇော်မှာ ထွက်ပြေးသွားခဲ့ပြီး ရဲလေး(ခ)ရဲမင်းထွန်းအား ယာဉ်ပေါ်တွင် တင်ဆောင် လာသော တရားမ၀င် ကျွန်းသစ်ခွဲသား (၆၀၁) ချောင်း၊ (၄.၆၈၂၆)တန်၊ တန်ဘိုး (၂၂၄၇၆၄၈)ကျပ် တို့နှင့်အတူ ဖမ်းဆီးရမိ ခဲ့သဖြင့် တရားမ၀င် ကျွန်းသစ်ခွဲသားများ သယ်ဆောင်လာသူ ရဲလေး(ခ) ရဲမင်းထွန်းနှင့် အောင်မျိုးဇော် တို့အား ဆင်ပေါင်ဝဲမြို့နယ်၊ ကိုးပင်နယ်မြေရဲစခန်း (ပ) ၅၅/ ၂၀၁၈၊ သစ်တောဥပဒေပုဒ်မ ၄၃(က) အရ အမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိ ပါသည်။ 







Find Us on Facebook

Popular Posts

Video